Headlines News :
Home » » ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်ရန် ပထမဆုံး အကြိမ် မြန်မာ-ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေး

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်ရန် ပထမဆုံး အကြိမ် မြန်မာ-ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေး

Written By လွင့်မောင်မောင် on Sunday, September 29, 2013 | 7:41 AM


Sunday, September 29, 2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်ရန် ပထမဆုံး အကြိမ် မြန်မာ-ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပြီး လာမည့်နိုဝင်ဘာလ တွင် ဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံမှ Developer အဖြစ် ၀င်ရောက်လာနိုင်ရေးအတွက် မြန်မာ-ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အား စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ သည်။

ယင်းသို့ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ရာတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆပ်ကော်မတီ ဥက္ကဌများ၊ ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင် ကိုယ်စားလှယ်များ၊ JICA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သုံးပွင့်ဆိုင် ဆွေးနွေးမှုတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံ မူဝါဒများ၊ စီမံကိန်း အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ထားဝယ် အထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံရေးအတွက် ဂျပန်ကုမ္ပဏီများ သိရှိလိုသည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

"ဂျပန်နိုင်ငံက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ပါဝင်ဖို့ စိတ်ဝင် စားတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဘယ်လိုပုံစံနဲ့ ပါနိုင်မလဲ ဆိုတာတွေကို အသေးစိတ် ထပ်မံညှိနှိုင်း ရပါဦးမယ်။ ဥပမာအားဖြင့် SPV(Special Purpose Vehicle) အနေနဲ့ ပါမှာလား။ အဲလိုမှ မဟုတ်ဘဲ ပရောဂျက် တစ်ခုချင်းစီအလိုက် ၀င်ပါမှာလား၊ ငွေချေးမှာလား၊ အဲ့လိုပုံစံမျိုးတွေပေါ့။ ဘယ်လိုနည်းနဲ့ ပါနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးမှုတွေ ထပ်လုပ်ရဦး မှာပါ။ လာမယ့် နိုဝင်ဘာလမှာ ထပ်ပြီးဆွေးနွေးမှုတွေ လုပ်မှာပါ" ဟု ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင် အထည်ဖော်ရေး အထူးလုပ်ငန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

အရှေ့တောင်အာရှ ဒေသတွင် အကြီးမားဆုံး ရေနက်ဆိပ်ကမ်း စီမံကိန်း တစ်ခု ဖြစ်လာမည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရေနက် ဆိပ်ကမ်း တည်ဆောက်ခြင်း၊ သင်္ဘောကျင်း တည်ဆောက်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အဆောက်အအုံများ တည်ဆောက်ြ ခင်း၊ ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ တည်ဆောက်ခြင်း၊ ရေနံချက် စက်ရုံများ တည်ဆောက်ခြင်း၊ သံမဏိ စက်ရုံနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ခြင်း၊ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက် ကားလမ်းနှင့် ရထားလမ်းများ တည်ဆောက်ခြင်း၊ ကားလမ်းနှင့် ရထားလမ်းတစ်လျှောက် ရေနံပိုက်လိုင်းများ သွယ်တန်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်း စသည့်လုပ်ငန်းများ ပါဝင်လုပ်ဆောင်မည် ဖြစ်သည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template