Headlines News :
Home » » အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို

အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို

Written By လွင့်မောင်မောင် on Sunday, October 6, 2013 | 10:41 AM

UWSA
မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲတာထက် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဌာနချုပ်ရှိတဲ့ ပန်ဆန်းမြို့မှာ မနေ့က လာရောက်ဆွေးနွေးတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပြည်လုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို တရားဝင်ဖိတ်ကြားပါက UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့အနေနဲ့ တက်ရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ဆွေးနွေးပွဲအတွက် ဆွေးနွေးမယ့်အချက်တွေကို ကြိုတင်ရရှိထားဖို့လိုတယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ရဲ့ သဘောထားက နိုင်ငံတော်အစိုးရကနေပြီးတော့ ဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် အချက်အလက်တွေ၊ လက်မှတ်ထိုးမယ့် အချက်အလက်တွေကို တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးကို အစည်းအဝေးမတိုင်ခင် ကြိုတင်ဖြန့်ဝေပြီးတော့ ဆွေးနွေးညှိနှိုင်းသွားဖို့လိုပါတယ်၊ အောက်ခြေမှာဆွေးနွေးပြီးတော့ အားလုံးကလက်ခံတယ်၊ သဘောတူတယ်၊ လက်မှတ်ရေးထိုးနိုင်တယ်ဆိုတဲ့ ဒီအဆင့်အထိရောက်လို့ရှိရင် အကောင်းဆုံးပဲ၊ အအောင်မြင်ဆုံးပဲလို့ ကျနော်တို့ယူဆတယ်”

ဒါ့အပြင် ဆွေးနွေးပွဲမှာ သဘောမတူတဲ့အဖွဲ့ကိုချန်ပြီး သဘောတူသူတွေနဲ့ လက်မှတ်ရေးထိုးမယ်ဆိုတဲ့မူကို လက်မခံကြောင်း၊ အားလုံးသဘောတူညီချက်နဲ့သာ ဆောင်ရွက်ဖို့လိုကြောင်း ပြောပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template