ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်) |
ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်) |
ကရင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးကြိုဆိုထောက်ခံပွဲအခမ်းအ
နားကိုယနေ့နံနက်၉နာရီကထားဝယ်မြို့၊မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင်
သဘာပတိတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ၊တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကအမှာစကားပြောကြားသည်။ထို့နောက် KUPS နာယကကြီး ပဒိုစောထွန်းအောင်မြင့် ၊ကရင်အမျိုးသား
အစည်းအရုံး (KNU) မြိတ်- ထားဝယ်ခရိုင် ဆက်ဆံရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးစောဆာပီးတူတို့ကအမှာစကားအသီးသီးပြောကြားကြသည်။ကရင်တိုင်းသားစည်းလုံး
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးကြိုဆိုထောက်ခံပွဲ အတွက်အဆိုကို ထားဝယ်ဒေသကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဆရာစောမေးလယ်ကျော် ကအဆိုပြုတင်ပြပြီး ဖာသာစောမျိုးချစ်နှင့်ဆရာစောအောင်ဝင်း တို့က ထောက်ခံတင်ပြခဲ့ကြသည်။ထို့နောက်သဘာပတိက လူထုဆန္ဒသဘောထားကိုရယူ အတည်ပြုခဲ့ပြီးမွန်းလွဲပိုင်းတွင်ဆွေးနွေးပွဲများကိုဆက်လက်ပြုလုပ်ခဲ့ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)