Headlines News :
Home » » ဆီးဂိမ်းပြိုင်ပွဲအတွက်ပုံတွေကို အကောင်းဆုံးဖြစ်အောင်ရေးဆွဲမယ့်အာကာကျော်

ဆီးဂိမ်းပြိုင်ပွဲအတွက်ပုံတွေကို အကောင်းဆုံးဖြစ်အောင်ရေးဆွဲမယ့်အာကာကျော်

Written By လွင့်မောင်မောင် on Wednesday, October 2, 2013 | 12:24 AM

 
ဂရပ်ဖစ်တီ အနုပညာရှင် အာကာကျော်က ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ် ဂရပ်ဖစ်တီပုံကို နေပြည်တော်တွင် သွားရောက်ရေးဆွဲ ရမှာဖြစ်ကြောင်း သိရပါတယ်။ ဆီးဂိမ်း Theme  ပုံစံ ဂရပ်ဖစ်တီကို မြို့မဈေးနားမှာရေးဆွဲမှာဖြစ်ပြီး လိုအပ်တဲ့ ဆေးများကို အားကစား ဝန်ကြီးဌာနက ပံ့ပိုးပေးမှာဖြစ်ကြောင်း အာကာကျော်က ပြောပါတယ်။ ဆီး ဂိမ်းမှာ တအားဆွဲချင်ခဲ့တဲ့ ဆန္ဒတွေ ရှိခဲ့ကြောင်းကို အာကာကျော်က..
” အဓိကကတော့ ဆီးဂိမ်း Theme  ပုံစံမျိုးတစ်ပုံပေါ့။ ကျွန်တော့်အနေနဲ့လည်း ဆီးဂိမ်းမှာ ပုံတအားဆွဲချင်တယ်။ ဘာကြောင့်လဲဆိုတော့ အနုပညာရှင်တွေ  အကုန်လုံး က လည်း ပါဝင်လုပ်ဆောင်ပေးနေကြတာလေ။ ဆီးဂိမ်းမှာ ရေးဆွဲခွင့်ရတဲ့အတွက် အမှန်အတိုင်းပြောရရင်  တအားပျော်တယ်။ ဝန်ကြီးကတော့ တစ်ခွန်းပြောတယ်။ ညီလေး ပုံလှလှဆွဲပေး နော်တဲ့” လို့ပျော်ရွှင်မှုတွေနဲ့အတူ ပြော ပြခဲ့ပါတယ်။ ဆီးဂိမ်းမှာ ရေးဆွဲရမှာ ဖြစ်တဲ့အတွက် ဖန်တီးသူ တစ်ယောက်အနေနဲ့ ရင်ခုန်မှုနဲ့ ပတ်သက်ပြီး အာ ကာကျော်ကို မေးကြည့်တော့ ” တအားခေါင်းကိုက်ပါတယ်။ ပုံနဲ့ပတ်သက်ပြီး သေချာစဉ်းစားနေပါတယ်။ အကောင်းဆုံးဖြစ် အောင်တော့ လုပ်မှာပါ။ အရင်ပုံတွေထက် ပိုကောင်းအောင် လုပ်ရမယ်လေ။ အခုဆို ညဘက်တွေဆို ရင်လည်း ပုံနဲ့ပတ်သက်ပြီး ဘယ်လိုဆွဲ ရမလဲဆိုတာလေ့လာနေဖြစ်တယ်”  လို့ ပြောပါတယ်။နေပြည်တော်တွင် ကျင်းပပြုလုပ်မယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် အထိမ်းအမှတ်အဖြစ်အာကာကျော် အားဂရပ်ဖတီရေးဆွဲပေးရန် အားကစားဝန်ကြီးဌာနနှင့်ဆီးဂိမ်း Theme Song များဖန်တီးတဲ့ Event Master အဖွဲ့မှရေးဆွဲ ခိုင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ အာကာကျော် ကအောက်တိုဘာလဆန်းမှာတော့ ဆီးဂိမ်းအတွက် ဂရပ်ဖတီရေးဆွဲ ဖို့ နေပြည်တော် ကိုသွားမှာဖြစ်ပါတယ်။
လင်းအက္ခရာhttp://www.popularmyanmar.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template