Headlines News :
Home » » တိုက်တေနီယမ် သတ္တု မောင်တောခရိုင်မှာ တူးဖေါ်မည်

တိုက်တေနီယမ် သတ္တု မောင်တောခရိုင်မှာ တူးဖေါ်မည်

Written By လွင့်မောင်မောင် on Monday, October 7, 2013 | 8:13 AM

 
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာရှိတဲ့ အငူမော်ကမ်းခြေနဲ့ အလယ်သံကျော် ကမ်းခြေတစ်လျှောက် ရှားပါး တိုက်တေနီယမ်သတ္တုကုန်ကြမ်းတွေကို ရှာဖွေထုတ်လုပ် ပြီးတရုတ်နိုင်ငံကို တင်ပို့မယ်လို့ သိရပါတယ်။

ပြည်တွင်းအခြေစိုက်သတ္တုရှာဖွေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Gold Finder ကုမ္ပဏီကို အစိုးရက တရားဝင်တူးဖော် ခွင့်ပြု လိုက်ပြီဖြစ်တဲ့အတွက် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို မကြာခင်စတင်လုပ် ဆောင်တော့ မယ်လို့ Gold Finder ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမောင်မောင်က RFA ကို ပြောပါတယ်။

" ကျွန်တော်တို့ကို ပြည်ထောင်စု ဝန်ကြီးဌာနကချပေးတဲ့ အချက် ၃ ချက်ကို ပြည်နယ်အစိုးရ ရုံးကနေ အကြောင်း ပြန်လိုက်တယ်၊ အချက် ၃ ချက်ကို ကန့်ကွက်ရန်မရှိဘူး သဘောတူတဲ့ အကြောင်းပေါ့၊ စီမံကိန်းရှိ၊ မရှိ၊ စိုက်ပျိုးရေးမြေ လွတ်ကင်း၊ မလွတ်ကင်းပေါ့၊ လုံခြုံရေး ရရှိ၊ မရရှိပေါ့၊ အဲ့ ၃ ချက်ပေါ့၊ လုပ်ငန်းက စတင်တော့မှာ"

ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေနဲ့ မောင်တောမြို့နယ် အလယ်သံကျော် ကမ်းခြေမှာရှိတဲ့ ၄၉ ဧကစီပါ ဝင်တဲ့ လုပ်ကွက်ပေါင်း ၁၀ ကွက်၊ စုစုပေါင်းဧက ၄၉၀ လောက်မှာ စမ်းသပ်တူးဖော်လုပ်ကိုင်တဲ့ အဆင့်အနေနဲ့ လုပ်ကိုင်ခွင့်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရှားပါးတိုက်တေနီယမ်သတ္တုတူးဖော်လုပ်ကိုင်ရာမှာ လိုအပ်တဲ့ စက်ပစ္စည်းတွေနဲ့ ပညာရှင်တွေကို တရုတ်နိုင်ငံက ခေါ်ယူလုပ်ကိုင်သွားမှာဖြစ်ပြီး လုပ်ငန်းခွင်တွေမှာတော့ ဒေသခံတွေကို ဦးစားပေးခန့်အပ် သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တိုက်တေနီယမ်သတ္တုကိုသန့်စင်ရာမှာ လျှပ်စစ်ဓာတ်အားပမာဏအများအပြား သုံးစွဲဖို့လိုအပ်တဲ့ အတွက် ရန်ကုန်နဲ့ ကျောက်ဖြူ စက်ရုံတည်ဆောက်ဖို့ လောလောဆယ် စဉ်းစားထားပြီး သတ္တုကုန်ကြမ်း တွေကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့သွားမယ်လို့လည်း သိရပါတယ်။

Gold Finder ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလဆန်းပိုင်းက စတင်ပြီး အငူမော်ကမ်းခြေနဲ့ အလယ်သံကျော် ကမ်းခြေတွေမှာ တိုက်တေနီယမ်နဲ့ အလူမီနီယမ်သတ္တုတွေကို စမ်းသပ်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီကမ်းခြေတွေက ပထမအဆင့် သန့်စင်ထားတဲ့ သဲမြေတွေဟာ သာမာန်သဲတစ်အိတ်ထက် ၁၀ ဆခန့် ပိုလေးသလို သဲတန်ချိန် ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ်သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template