မိုးကုတ်-မိုးမိတ်
 ကားလမ်းဘေး ရှိ မိုင်တိုင် ၁၃ မိုင် ၂ ဖာလုံ၊ ကွေ့ မော် ဧရိယာတွင် မူလ 
ပိုင်ရှင်များမှ စိုက်ပျိုးထားသော လက်ဖက်စိုက် ခင်းများအား နိုင်ငံတော် 
စီမံကိန်း လက်ဖက် စိုက်ပျိုးရန်ဟု ဆို၍ မြို့နယ် တာဝန်ကျ စစ်ဗျူဟာမှူးမှ 
သိမ်း ဆည်း သွားကြောင်း၊ သိမ်းဆည်းခံရ သူများမှ မြန်မာပို့စ်သို့ ပြောသည်။
သိမ်းဆည်း သွားသည့်နေရာ အား မူလပိုင်ရှင် များသို့ ပြန်လည် လုပ်ကိုင် ရန် 
ချပေးကြောင်း၊ ၄င်းတို့ သတ်မှတ် ထားသည့် အချိန်ကာလ အတွင်း စိုက် 
ပျိုးပေးရန် တောင်း ဆိုသော်လည်း မူလ စိုက်ပျိုးသူများမှ လက်ခံခြင်း မရှိ 
သောကြောင့် ထိုနေရာ များအား လုပ်ကိုင်ခွင့် မပေးတော့ကြောင်း သိ ရသည်။
"ကျွန်တော်တို့ကို ဗျူဟာမှူးက အဲဒီစီမံကိန်းကို ပထမနှစ်မှာက တည်းက ၇၀ 
ရာခိုင်နှုန်း ပြီးအောင် လုပ်ရမယ်ပြော တယ်။ ၇၀ ရာခိုင် နှုန်းလုပ် ရအောင် 
ကျွန်တော်တို့ ဒေသ ခံတောင်သူတွေဖြစ်တော့ အဆင် မပြေဘူး။ မြေစာရင်း 
ဦးစီးမှူး ကနေ ပြီးတော့ ကျွန်တော်တို့ ဆီက နေ ပိုက်ဆံတောင်းတယ်။ ကျွန်တော်
 ပြောတာက ဒါဟာ နိုင်ငံတော်စီမံ ကိန်းဆိုရင် ပိုက်ဆံ မပေးနိုင်ဘူး၊ အဲဒီ 
လိုပြောတော့ သူနဲ့ ကျွန်တော်တို့နဲ့ စကားများတယ်"ဟု ပိန်းပြစ်ရွာနေ ငါးဧက 
သိမ်းဆည်း ခံရသော ကိုမြင့် သန်းက ပြောသည်။
ယခုအခါတွင် သိမ်းဆည်းထား သော လယ်မြေ ဧက များပေါ်တွင် သက်ဆိုင်ရာမှ မည်သည့် 
လုပ်ငန်းမျှ လုပ်ကိုင်ခြင်း မရှိကြောင်း၊ မြေယာ ဥပဒေဖြင့် ဆိုလျှင် ၃ 
နှစ်အတွင်း မြေ ယာပေါ်တွင် စိုက်ပျိုးခြင်း မရှိလျှင် မည်သူမဆို ပိုင်ဆိုင် 
ခွင့်လျှောက် ထားပိုင်ခွင့် ရှိသည်ဟု မြို့နယ်မြေ စာရင်းမှူး ကိုယ်တိုင် 
ပြောကြား ခဲ့ဖူး ကြောင်း ၄င်းက ဆိုသည်။
ပိန်းပြစ် ရွာနေ သုံးဧက သိမ်း ဆည်း ခံရသူ ဒေါ်ငွေလှိုင်မှ "အစ်မ တို့က 
ဒေသထွက် လက်ဖက်ပဲစိုက် တယ်။ သူတို့ခိုင်းတာက ကူလုံမျိုး စိုက်ခိုင်းတယ်။ 
အစ်မတို့က မလုပ် နိုင်ဘူး။ အစ်မတို့က မရှိ ဆင်းရဲ သား တွေပါ။ နောက်ပြီး 
တစ်ဧကကို အ၀င် ၅၀၀၀ စိုက်ရမယ်လို့ ပြော တယ်။ မြေနေရာတွေကို အစားပြန် ပေးမယ်
 လို့တော့ ပြောတယ်။ အစ်မ တို့က ကိုယ့်မြေ ဧရိယာကိုပဲ ပြန်ရ ချင်တာ"ဟု ၄င်းက
 ဆက်လက်ပြော ကြားသည်။
မိုးကုတ်-မိုးမိတ် ကားလမ်းဘေး ရှိ လက်ဖက် စိုက်ခင်းများကို ၂၀၀၃ ခုနှစ်၊ ၂ လ
 ပိုင်းတွင် မိုးကုတ်မြို့ တာဝန်ကျ ဗျူဟာမှူးမှ သိမ်းဆည်း ခဲ့ 
ခြင်းဖြစ်ပြီး စိုက်ပျိုးသူ ၁၇ ဦးခန့်ရှိ၍ ဧရိယာ ဧက ၁၅၀ ကျော်ရှိကြောင်း၊ 
ယခုအခါ မူလ ပိုင်ရှင်ဖြစ်သော တောင်သူများမှ ရပ်/ကျေး၊ မြို့နယ် 
အဆင့်ဆင့်သို့ ကိုယ်ပိုင်မြေများ ပြန် လည် ရရှိရန် အတွက် တင်ပြထား ကြောင်း 
၎င်းတို့ထံမှ သိရသည်။
ဒေါင်းမာန်ဟုန် 
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
                      -
                    
 
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
  လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
9 years ago
 

 
 
 
 
 
 
 
 
 
