Headlines News :
Home » » အဝေးသင်တက္ကသိုလ်ကျောင်းသားများ စာစဉ်ကူးချနေခြင်း ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်းမရှိ

အဝေးသင်တက္ကသိုလ်ကျောင်းသားများ စာစဉ်ကူးချနေခြင်း ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်းမရှိ

Written By လွင့်မောင်မောင် on Monday, October 14, 2013 | 4:52 PM


အဝေးသင်တက္ကသိုလ် ကျောင်းသားများအနေဖြင့် စာစဉ်ကူးချနေခြင်းများသည် ကျောင်းသား၏ ကိုယ်ပိုင်ခံယူချက်သာဖြစ်သောကြောင့် ယင်းကိစ္စအား ရာနှုန်းပြည့်ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း အဆိုပါအသိုင်းအဝိုင်းမှ သိရသည်။

အဝေးသင်ကျောင်းသားများအနေဖြင့် ဘွဲ့ရရှိရေးကိုသာ အဓိကထားသောကြောင့် အမှန်တကယ် စာတတ်မြောက်ရေးကို အလေးမထားတော့ဘဲ စာစဉ်ကိုအလွယ်တကူ ကူးချနေခြင်းများဖြစ်ကြောင်း၊ ယင်းသို့ကူးချနေခြင်းများသည် ကျောင်းသား၏ ကိုယ်ပိုင်ခံယူချက်ပေါ်တွင်သာ မူတည်သောကြောင့် ထိန်းချုပ်ရန်ခက်ခဲမှုများ ရှိနေကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာခိုင်မြဲက "ဒီကိစ္စတွေ က ပပျောက်မှာမဟုတ်ဘူး။ အရင်ကထက်စာရင်တော့ နည်းသွားတယ်လို့ ပြောရမယ်။ ကျောင်းသား ကိုယ်တိုင်က ဘွဲ့ရဖို့ကိုပဲအာရုံစိုက်တယ်။ တကယ်တတ်မြောက်ချင်တဲ့စိတ်မရှိကြဘူး။ ပြီးတော့ ဆရာ နဲ့ကျောင်းသားအချိုးက မမျှတာရယ်၊ တွေ့ရတဲ့အချိန်က နည်းတာရယ်ကြောင့် ဆရာတို့အနေနဲ့ သူတို့ ကိုထိန်းချုပ်ဖို့ခက်ခဲတယ်။ စာစဉ်တွေကို လက်ရေးတိုက်စစ်တာ၊ စာအုပ်တွေတိုက်စစ်တာ အချိန်မီ တင်ဖို့တွေကို ခုနောက်ပိုင်းကြပ်ကြပ်မတ်မတ် လုပ်ဆောင်လာတဲ့အတွက် အရင်ကလောက်မဆိုးတော့ ဘူးလို့တော့ ပြောလို့ရတယ်။ နောက်တစ်ခုက ကျောင်းသားတွေရဲ့ အလွယ်လမ်းလိုက်မှုကြောင့် ပြင်ပ ကနေ စာစဉ်အဖြေလွှာစာအုပ်တွေ ရောင်းချတာတွေကြောင့်လဲပါတယ်" ဟုပြောသည်။

ကျောင်းသားများအနေဖြင့် ကျောင်းပုံနှိပ်စာအုပ်၊ Study Guide များထက် ပြင်ပမှစာစဉ်အဖြေအသင့် ပါပြီးသားစာအုပ်များကိုသာ အားကိုးသောကြောင့် အဆိုပါပြင်ပစာစဉ်အဖြေလွှာ ပုံနှိပ်ထုတ်ဝေခြင်းများ ကို ကန့်သတ်သင့်ကြောင်း တချို့တက္ကသိုလ်ဆရာ၊ ဆရာမများက ဝေဖန်သုံးသပ်ကြသည်။

ဒဂုံတက္ကသိုလ်သမိုင်းဌာနမှ ဆရာမတစ်ဦးကပြောပြရာတွင် "ကျောင်းသားတွေကို ကျောင်းအပ်တဲ့အခါ ပုံနှိပ်စာအုပ်၊ Study Guide တွေ၊ မေးခွန်းပုံစံကအစ အကုန်ပေးလိုက်တာ။ ပုံနှိပ်ထဲမှာအဖြေပါပြီးသား မေးခွန်းနဲ့အဖြေကို တိုက်ရှာပြီးဖြေရုံပဲ။ အဲဒါကို ကျောင်းသားတွေက အားမထုတ်ချင်ကြဘူး။ ပြင်ပက ဖြေထားပြီးသားစာအုပ်တွေကို အလွယ်တကူကူးချတယ်။ ဆရာမတို့က အမှတ်ပေးစည်းမျဉ်းအတိုင်း ကိုက်ညီနေရင်ပေးရတယ်" ဟုပြောသည်။

မြန်မာစာအဓိကဖြင့် အဝေးသင်ဘွဲ့ရ မမေသူဝင်းက "ကျောင်းသားတိုင်း လုပ်နေတာပဲ။ ဆရာကလဲ ဘာမှမပြောဘူး။ ပြောလို့လဲမရဘူးလေ။ ဒီလိုပဲ သူများဆီကနေကူးချပြီး စာစဉ်တွေတင်ကြတာ။ တချို့ ကျောင်းတွေတော့ စာအုပ်တိုက်စစ်တာတွေလုပ်ပေမယ့် ညီမတို့တုန်းကတော့ ဘာမှကိုမစစ်ဘူး" ဟု ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဝေးသင်တက္ကသိုလ်နှစ်ခုရှိပြီး ဌာနခွဲပေါင်း ၃၀ ခန့်ရှိကြောင်း သိရသည်။

The Yangon Times Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template