Headlines News :
Home » » တပြည်လုံးအပစ်ရပ်ရေးကို တိုင်းရင်းသားခေါင်ဆောင်များ နံပါတ် ၁ မထားလို

တပြည်လုံးအပစ်ရပ်ရေးကို တိုင်းရင်းသားခေါင်ဆောင်များ နံပါတ် ၁ မထားလို

Written By လွင့်မောင်မောင် on Tuesday, November 5, 2013 | 12:06 AM


နိုဝင်ဘာ ၄ ရက် ဆွေးနွေးပွဲ (ဓါတ်ပုံ - Jade Land)

အစိုးရနှင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် တတိုင်းပြည်လုံးအပစ်ရပ်ရေးကို ပထမခြေလှမ်းအဖြစ်မထား လိုဘဲ  ဒုတိယ အဆင့်တွင်ထားလိုသည်ဟုတိုင်းရင်းသားခေါင်းဆောင်များက ပြောဆိုသည်။

ဦးသိန်းစိန်အစိုးရသည် အမျိုးသားရင်ကြားစေ့ရေးအတွက် ပထမ အဆင့် အဖြစ် တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့များအားလုံးအတွက် တတိုင်းပြည်လုံးအတိုင်း အတာဖြင့်အပစ်ရပ်ရမည်၊ ဒုတိယအဆင့် အဖြစ်ဆွေးနွေးလိုသည့် နိုင်ငံရေးမူဘောင် ကိစ္စဆွေးနွေးမည်၊ နောက်ဆုံးအဆင့်တွင် ပင်လုံကဲ့သို့သော နိုင်ငံရေးဆွေးနွေးပွဲတရပ်ကျင်းပမည် - စသဖြင့် ပြင်ဆင်ထားသည်။

“ဒါကတော့ အစိုးရဘက်ပေါ့ဗျာ။ ကျနော်တို့တိုင်းရင်းသားဘက်တော့ ပထမ အဆင့်နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စအရင်ဆွေးနွေးချင်တယ်။ အဲဒီ့ကိစ္စပြီးရင် အပစ်ရပ်ဖို့က ဘာမှ မခက်တော့ဘူး။ နှစ်ခုလုံး တခါတည်းရသွားနိုင်တယ်။” - ဟု ပြည်ထောင်စုအင်စတီဂျုမှ ဦးခွန်စိုင်းက ပြောသည်။

အဆိုပါကိစ္စရပ်များ နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရရှိစေရန် ယနေ့ မြစ်ကြီးနားမြို့ မကြွယ်ခန်းမ ၌ နှစ်ဘက်ခေါင်းဆောင်များတွေ့ဆုံနေကြောင်း၊ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက် ရေးကော်မတီမှ ဒုတိယ ဥက္ကဌ ဝန်ကြီးဦးအောင်မင်းက ဦးဆောင်တက်ရောက်ကြောင်း ကြားသိရပါ သည်။

တပြည်လုံးအပစ်ရပ်စဲရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြစ်ကြီးနားမြို့၌ နိုဝင်ဘာ ၄ ရက်မှ ၆ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့မှ ထိပ်းသီးကိုယ်စားလှယ်များသည် ဦးသိန်းစိန်အစိုးရနှင့် တပြည်လုံးအတိုင်းအတာ အပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကချင်လွတ်လပ် ရေးအဖွဲ့ချုပ် လိုင်ဇာမြို့၌ (အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်နေ့အထိ) ၄ ရက်ကြာတွေ့ဆုံ ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲတွင် ပင်လုံစိတ်ဓါတ်၊ ပင်လုံ (၁၉၄၇ ပင်လုံမြို့၌ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုးသည့် စာချုပ်) မူကို အခြေခံသော ပြည်ထောင်စုညီလာခံကျင်းပရေး -
ပါဝင်သည့် အချက် ၇ ချက်ဖြင့် လက်တွဲဖေါ်ဆောင်သွားဖို့ သဘောတူညီမှု ရရှိခဲ့သည်။

သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template