Headlines News :
Home » » သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ကျော်နှင့် ရွှေပိဿာ ၈၀၀ ကျော် ပေးသွင်းရန်ကျန်

သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ကျော်နှင့် ရွှေပိဿာ ၈၀၀ ကျော် ပေးသွင်းရန်ကျန်

Written By လွင့်မောင်မောင် on Wednesday, November 6, 2013 | 3:06 PM



၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွက် နိုင်ငံတော်၏အရအသုံးစာရင်းများကို စစ်ဆေး ရာတွင် သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ဒသမ ၅၅၄ နှင့် ရွှေစင် ၈၂၁ ပိဿကျော်ဖြင့် အများဆုံး ပေးသွင်းရန် ကျန်ရှိနေကြောင်း နိုဝင်ဘာ ၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဝေငှသော ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကာလအတွက် ဗဟိုအဖွဲ့အစည်း ရှစ်ခု၊ ၀န်ကြီးဌာန ၂၉ ခု၊ စည်ပင်သာယာရေး ကော်မတီ/အဖွဲ့ အစည်းများမှ နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိနေသည်။

ယင်းသို့ပေးဆပ်ရန်ကျန်ရှိရာတွင် မွေး/ရေ၀န်ကြီးဌာနက ကျပ် ၂၉၆ ဒသမ ၉၆၆ သန်းဖြင့် ဒုတိယအများဆုံး၊ ပညာရေးဝန်ကြီးဌာနက ၁၄၄ ဒသမ ၉၄၂ သန်း၊ လယ်ဆည်ဝန်ကြီးဌာနမှ ၉၀ ဒသမ ၄၁၀ သန်း၊ စက်မှုဝန်ကြီးဌာန မှ ၂၈ ဒသမ ၈၂၅ သန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ၁၁ ဒသမ ၉၉၄ သန်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ၇ ဒသမ ၃၀၈ သန်း အသီးသီးကျန်ရှိနေသည်။

ရွှေကြွေးကျန်များမှာ ရွှေတူးဖော်ရေးလုပ်ငန်းများမှ အကြောင်းကြောင်းကြောင့် ပေးသွင်းရန်ကျန်ရှိနေသော ရွှေ များဖြစ်ပြီး ၎င်းရွှေများကို အကြွေးလျော်ပေးရန် သြဂုတ်လအတွင်းက ပြည်သူ့လွှတ်တော်တွင် မေးမြန်းမှုများရှိခဲ့ပြီး ၀န်ကြီးဌာနက ကြွေးလျော်ပေးရန် အစီအစဉ်မရှိဟု ပြန်လည်ဖြေကြားထားသည်။

Written by  သီဟကိုကို
Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template