Headlines News :
Home » » ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်လျှင် အကြမ်းဖက်မှုများ မြင့်တက်မည်ဟု အစ္စရေးကို ဂျွန်ကယ်ရီ သတိပေး

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်လျှင် အကြမ်းဖက်မှုများ မြင့်တက်မည်ဟု အစ္စရေးကို ဂျွန်ကယ်ရီ သတိပေး

Written By လွင့်မောင်မောင် on Saturday, November 9, 2013 | 4:59 PM



 
- Sat Nov 09, 3:23 pm

အန်မန်၊ နိုဝင်ဘာ ၈

လက်ရှိ ပြုလုပ်နေသော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်လျှင် အကြမ်းဖက်မှုများ၊ မငြိမ်သက်မှုများ တိုးမြင့်လာနိုင်ကြောင်း အရှေ့အလယ်ပိုင်း ခရီးစဉ် သွားရောက်နေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အစ္စရေးကို သတိပေးလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
“ဆွေးနွေးပွဲကနေ လမ်းကြောင်း ပြောင်းသွားမယ်ဆိုရင် ပရမ်းပတာ အခြေအနေကို ရောက်ရှိ သွားနိုင်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အစ္စရေး Channel 2 နှင့် ပါလက်စတိုင်း PBC မီဒီယာတို့ကို ပူးတွဲ အင်တာဗျူး လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။
“အစ္စရေးက တတိယအကြိမ် အင်တီဖဒါ (အာရဗီ ဘာသာစကားဖြင့် လူထုအုံကြွမှု) ကို လိုချင်တာလား” ဟု မစ္စတာကယ်ရီက မေးခွန်းထုတ်ခဲ့သေးသည်။

အစ္စရေးက ဝင်ရောက် နေရာယူခြင်းကို မကျေနပ်သဖြင့် ပထမဆုံးအကြိမ် ပါလက်စတိုင်း အုံကြွမှု ဖြစ်ခဲ့စဉ်က ၁၉၈၇ မှ ၁၉၉၃ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး ဒုတိယ အကြိမ်သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ အထိ ကြာမြင့်ခဲ့ရာ စုစုပေါင်း ပါလက်စတိုင်း ၃၀၀၀ ခန့်၊ အစ္စရေး ပြည်သူနှင့် စစ်သား ၁၀၀၀ ခန့် သေဆုံးသွားခဲ့သည်။

မစ္စတာကယ်ရီသည် အစ္စရေးနှင့် အနောက်ဘက်ကမ်းသို့ သတ္တမအကြိမ်မြောက်အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ကာ ဘေးချော်နေသော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ညှိနှိုင်းမှုကို လမ်းကြောင်းပေါ်သို့ ပြန်ရောက် လာအောင် ထပ်မံလာရောက် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ယခု ဆွေးနွေးပွဲများတွင် ကြိုးစား အားထုတ်မှုများကြောင့် သိသာမြင်သာသော တိုးတက်မှုများ ရရှိခဲ့သည်ဟု အမေရိကန် ထိပ်တန်း သံတမန် ဂျွန်ကယ်ရီက ပြောဆိုခဲ့သည်။
အစ္စရေး၏ ဝင်ရောက်အခြေချ အိမ်ရာများ ဆောက်သည့် လုပ်ရပ်များကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘေးချော် သွားစေနိုင်သည့် ခြိမ်းခြောက်မှုများလည်း ရှိနေသည်။

နောက်ဆုံးတွင် အခက်အခဲများ ကြုံနေသော ပြဿနာရပ်များအတွက် သဘောတူညီချက် တစ်ရပ် ရရှိနိုင်မည်ဟု လုံးဝ ယုံကြည်ထားကြောင်း ဂျွန်ကယ်ရီက ကတိပြုခဲ့သည်။
“ကျွန်တော်တို့ စိုးရိမ်နေတဲ့ လက်ရှိ တည်ရှိနေတဲ့ မြင်ကွင်းတွေမှာ ဆွေးနွေးမှုတွေနဲ့ ထင်ရှား သိသာသော တိုးတက်မှုတွေ ရရှိခဲ့ပါတယ်” ဟု ဝန်ကြီးက ဂျော်ဒန်သို့ ရောက်ရှိနေစဉ် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနှင့် နိုင်ငံခြားရေးဝန်ကြီး နက်စ်ဆာဂျူဒါ တို့ကို တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မကြာသေးခင် ရက်ပိုင်းက ဝင်ရောက် အခြေချအိမ်ရာ တည်ဆောက်မှုအတွက် အိမ်လုံးရေ ၃၇၀၀ ကို အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ခွင့်ပြုခဲ့ပြီး နောက်ပိုင်း တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှု ပြီးဆုံး ရပ်တန့်ခဲ့သည်။
 By Administrator Via Sa MAung (Facebook)
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template