Headlines News :
Home » , » ရုရှားရောက် မြန်မာမယ် မိုးစက်ဝိုင် ပွဲကြို ပြိုင်ပွဲတွေရဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေ

ရုရှားရောက် မြန်မာမယ် မိုးစက်ဝိုင် ပွဲကြို ပြိုင်ပွဲတွေရဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေ

Written By လွင့်မောင်မောင် on Saturday, November 9, 2013 | 11:46 AM

 
ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာ ၂၀၁၃ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး
သွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်ဟာ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးမစခင် ကျင်းပ
ပြုလုပ်လျက်ရှိတဲ့ ပွဲကြိုပြိုင်ပွဲတွေ အားလုံးရဲ့ ဆန်ခါတင်စာရင်းများမှာ ပါဝင်နေတာမို့ နိုင်ငံအတွက်
ဆုတွေများစွာ သယ်ဆောင်လာနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

ရေကူးဝတ်စုံပြိုင်ပွဲမှာတော့ အလှဆုံးမယ် (Best Bikini Body) သုံးယောက် ရွေးချယ်ရာမှာ
တစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။

"ဆုရယ်လို့တော့ အခုထိ မကြေညာသေးပါဘူး။ အခုထိကတော့ မိုးစက်ဝိုင်က နောက်ဆုံးဆန်ခါ
တင်အဆင့်တိုင်းမှာ ပါဝင်နေတာပါ။ ရေကူးဝတ်စုံနဲ့ အလှဆုံးမယ်မှာ မစ္စဖိလစ်ပိုင်၊ မစ္စယူအက်စ်
တို့နဲ့အတူ အလှဆုံးမယ်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ"လို့ မယ်စကြ၀ဠာမြန်မာပြိုင်ပွဲကို စီစဉ်ကျင်းပ
ခဲ့တဲ့ ဟယ်လိုမဒမ်မီဒီယာမှ ပြောရေးဆိုခွင့်ရှိသူ ကိုချမ်းလင်းသူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ပြိုင်ပွဲရဲ့အရေးကြီးတဲ့ ဆုတစ်ဆုဖြစ်တဲ့ Miss Photogenic ဆုအတွက် ကိုတော့ မဲပေးစနစ်နဲ့
ရွေးချယ်ရာမှာ မိုးစက်ဝိုင်က နံပါတ်(၈)နေရာမှာ ရပ်တည်နေပြီး တခြားအွန်လိုင်းကနေ မဲပေးလို့
ရတဲ့ ဆုတွေမှာတော့ ထိပ်ဆုံးမှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မိုးစက်ဝိုင် ထိပ်ဆုံးမှာ ရောက်ရှိနေတဲ့ အင်တာနက်ဆုတွေကတော့ နိုင်ငံပေါင်းစုံက
အစီအစဉ်တွေဖြစ်တဲ့ Beauty Pageant Grand Slam People's Choice Award၊ Missosology
People's Choice Award၊ Pageantology People's Choice Award တို့ဖြစ်ပြီး ရုရှားနိုင်ငံက
ပြိုင်ပွဲအတွက် ပြုလုပ်ပေးထားတဲ့ အွန်လိုင်းကနေ ပရိသတ်ရွေးချယ်တဲ့ ဆုမှာလည်း ထိပ်ဆုံးမှာ
ရပ်တည်နေတယ်လို့ ကိုချမ်းလင်း သူက ပြောပါတယ်။

နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ ကျင်းပသွား မှာဖြစ်ပြီး မဲပေးတာ
ကိုတော့ ၈ ရက်နေ့ အထိ လက်ခံသွားမယ်လို့ သိရပါတယ်။

နိုင်ငံပေါင်းစုံက အလှမယ် ၈၆ ဦး ပါဝင်ယှဉ်ပြိုင်တဲ့ ဒီအလှမယ်ပွဲကြီးဟာ မိုးစက်ဝိုင်တစ်ယောက်
ဘယ်ဆုတွေသယ်ပြီး အိမ်ပြန်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြရမှာ ဖြစ်ပါတယ်။

လွင်မာထွန်း - မြန်မာတိုင်း(မ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template