Headlines News :
Home » » လက်ပံတောင်း ဆန္ဒပြသူ ၄ ဦးကို တရားစွဲခံရ

လက်ပံတောင်း ဆန္ဒပြသူ ၄ ဦးကို တရားစွဲခံရ

Written By လွင့်မောင်မောင် on Wednesday, November 6, 2013 | 12:30 PM



စစ်ကိုင်းတိုင်း မုံရွာခရိုင် အင်ကြင်းတောင်မှာ ထိုင်သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေကြတဲ့ သံဃာတော် ၁ ပါးနဲ့ ဒေသခံ ၃ ဦးကို အာဏာပိုင်တွေဘက်က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်တယ်လို့ လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင် ဦးမင်းမင်းက ပြောဆိုပါတယ်။

လက်ပံတောင်းတောင်ဒေသ မိုင်းကွဲမှုတွေကြောင့် လယ်တီသိမ်တော်နဲ့စေတီ ကွဲအက်မှု ရှိ မရှိကို ကြည့်ရှုခွင့်တောင်းဆိုတာ အာဏာပိုင်တွေဘက်က ကြည့်ရှုခွင့်မပေးတဲ့အတွက် အင်ကြင်းတောင်ပေါ်မှာ နိုဝင်ဘာ ၂ ရက်နေ့ ညနေ့ပိုင်းက ထိုင်သပိတ်စခန်းဖွင့်လှစ် တောင်းဆိုပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ အရ တရားစွဲဆို ခံရသူတွေကတော့ ဆရာတော် ဦးစန္ဒာသီရိ၊ ကိုခင်ညိမ်း၊ ဖိုးလပြည့်နဲ့ ဒေါ်သန်းမြ တို့ဖြစ်ပါတယ်။

by ကိုဈာန် (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template