ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာ လူသတ်မူ သတင်းနှင့် ပတ်သက်ပြီး
ပေါက်တောမြို့နယ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မီတီဝင် ဦးမြတ်ထွန်းပေးပို့သော
စာအား အများသူဌာ သိရှိစေရန် မူရင်းအတိုင်း တင်ပြပေးလိုက်ပါသည်။ (အယ်ဒီတာ)
——————————————————————————————–
၂-၁၁-၂၀၁၃ ရက်နေ့ နံနက်(၉)နာရီအချိန်က ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာ အနီးရှိ စေတီတစ်ဆူ ရှိရာတောင်ကုန်းတွင် ရွာသားများစိုက်ပျိုးထားသော ကျွန်းပင်များကို ပေါက် တောမြို့နယ် ဒုံရွာ မှထွက်ပြေးလာသော ဒုက္ခသည် စခန်းတွင် နေထိုင်ကြသော ဘဂါင်္လီ ကုလား(၅၀) ခန့်က ခုတ်လှဲ နေသည်ကို ဆင်တက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်ငယ်များတွေ့ ရှိသဖြင့် ရွာသားများကိုသွားရောက် တိုင်ကြားရာ ရွာသားများနှင့်တာဝန်ကျနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက် ဟန့်တားရာမှ ရုံးရင်း ဆန်ခတ်ဖြစ်ပွါးရာမှ ပစ်ခတ်ရသည်အထိ ဖြစ်ပွါးခဲ့ရာ ဒုံရွာသား အသက်(၅၅)နှစ်ရှိ ဇူရူဆောင်းမှာ သေနတ်ထိမှန်သေဆုံးခဲ့ရကြောင်းသတင်းရရှိပါသည်။ ယင်းအချိန်မှာပင် ဆင်တက်မော်ကျေးရွာမြောက်ဘက်တွင်ရှိသော ဆင်အိုင်ကျေးရွာမှ အမျိုးသမီး (၁၀ )ဦးခန့်မှာ မြစ်ကမ်းနားသို့ ဂုံးကောက်ရန်သွားနေသည့်အချိန်ဖြစ်ပြီး သေနတ်သံကြားသဖြင့် မိမိ ကျေးရွာသို့ ပြန်ပြေးလာကြရာ ငှက်ချောင်းရွာမှထွက်ပြေးလာသော ဒုက္ခသည်စခန်းမှာနေထိုင်ကြသော ဘဂါင်္လီကုလား ( ၅)ယောက်က ၊ဆင်အိုင်ကျေးရွာမှာအမျိုးသမီးနောက်သို့လိုက်လာကြပါသည်၊ ယင်းအမျိုးသမီးများမှာ ကုလားများလိုက်လာသည်ကို သိသဖြင့် ထွက်
ပြေးကြရာ တကွဲ တပြားစီ ဖြစ်ကာ ရခိုင် အမျိုးသမီး(၅)ယောက်မှာ ရေကမ်းစပ်သို့ရောက်ရှိသွားကြပါသည်။ ယင်းကုလား( ၅ )ကောင်က ၊ ထွက်ပြေးသွားသော ရခိုင်အမျိုးသမီးများနောက်သို့ အပြေးလိုက်သွားကာ ဒါးဖြင့်ခုတ်သတ်သဖြင့် ဆင်အိုင်ကျေးရွာနေဦးအောင်ထွန်းဖြူ၏ဇနီးဖြစ်သူ မလှခင် ၊အသက် (၃၈)နှစ်မှာ ဦးခေါင်းပွင့်ထွက်သွားပြီး နောက်မှလှံနှင့်ထိုးသတ်လိုက်သဖြင့်အဆုပ်တွင်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားပါသည်။ အတူလိုက်ပါလာသူဆင်အိုင် ကျေးရွာသူ မေဆန်းခင် အသက် (၁၇)နှစ်မှလည်း ဘယ်ဘက် လက်မောင်းမှာ ခုတ်ထစ်ဒါဏ်ရာ ပြင်းထန်စွာ ရရှိသွားပါသည်။ သေဆုံးသူ မလှခင်သမီး နှင့် အတူ မဟန်နုဖြူ ၊ မလှမြေ အး တို့မှာ ထွက်ပြေး လွတ်မြောက်လာကြပါသည်။ မလှခင်၏ အလောင်းကို ပေါက်တောမြို့သို့ ပို့ဆောင် လိုက်ပြီး ဒါဏ်ရာရသူ မေဆန်းခင် ကိုလည်း ပေါက်တောမြို့ဆေးရုံသို့ပို့လိုက်ပြီး ဒုံရွာမှ သေနတ် ထိမှန် သေဆုံးသွားသော ကုလား ဇူရူဆောင်း အသက်(၅၅) နှစ်ကို ICRC မှ စပီးဘုတ်ဖြင့် စစ်တွေသို့ တင်ဆောင် သွားကြောင်း သတင်းရရှိပါသည်။
သတင်းပေးပို့သူ
ဦးမြတ်ထွန်း(ဗဟိုကော်မတီဝင်)
ရခိုင်ဒီမိုကရေစီိအဖွဲ့ချုပ်
ပေါက်တောမြို့ ရခိုင်ပြည်နယ်
နိရဉ္စရာ