By mmweather.ygn, on November 8th, 2013
စူပါတိုင်ဖွန်းမုန်တိုင်း
HAIYAN(31W) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား ဖြတ်ကျော်ပြီး
အနောက်ဘက်(တောင်တရုတ်ပင်လယ်သို့) ဝင်ရောက်လာချိန်တွင် – ထိုင်းပင်လယ်ကွေ့၌
လေဖိအားနည်းရပ်ဝန်းအဆင့်သို့ အားပျော့ပျက်ပြယ်သွားသည့် 30W သည်
ပြန်လည်စုစည်းအားကောင်းလာပြီး လေဖိအားနည်းဆဲလ်(Low Pressure Cell –
LPC)အဖြစ်သို့ ရောက်ရှိကာ ယနေ့ နံနက်ဝ၉း၃ဝ နာရီမှ စတင်၍
မြိတ်နှင့်ဘုတ်ပြင်းမြို့များကြားမှ ကပ္ပလီပင်လယ်ဘက်သို့ ရွေ့လျားမည်ဟု GFS
ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များမှ ပြန်လည် ဖေါ်ပြလာပါသည်။

အဆိုပါ လေဖိအားနည်းဆဲလ်သည် နိုဝင်ဘာလ ၉ ရက် (စနေနေ့)နံနက်ပိုင်းတွင်
ပိုမိုအားကောင်းလာနိုင်ပြီး – မြစ်ဝကျွန်းပေါ် ကမ်းလွန် ပင်လယ်ပြင်(15.5º N /
96.5º E)တွင် ၁ မီတာမှ ၁.၂ မီတာ အမြင့်ရှိ လှိုင်းများဖြစ်ပေါ်လာနိုင်ကာ၊
လေပြင်းတိုက်ခတ်နှုန်း 18 knots(20 mph)မှ 28 knots(32.22 mph)
အထိရှိနိုင်ကြောင်း တွေ့ရပါသည်။ (ပုံ-၁)
နိုဝင်ဘာလ ၁ဝ ရက် နောက်ပိုင်းတွင်
အနောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားမည်ဖြစ်၍ မြစ်ဝကျွန်းပေါ်
ကမ်းလွန်ပင်လယ်ပြင်မှ လေပြင်းတိုက်ခတ်မည့် အခြေအနေများ ပြန်လည်
လျော့ကျသွားမည် ဖြစ်ကြောင်း တွေ့ရပါသည်။
နိုဝင်ဘာလ ၉ ရက် ညနေပိုင်းတွင် LPC သည် Andaman ကျွန်းမြောက်ပိုင်းအား
ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိပြီး အနောက်-အနောက်တောင်ဘက်သို့
ဆက်လက်ရွေ့လျား၍ နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းအထိ ဘင်္ဂလားပင်လယ်အော်
အနောက်တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားပါသည်။(ပုံ-၂)