Headlines News :
Home » » "ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်"

"ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်"

Written By လွင့်မောင်မောင် on Tuesday, November 5, 2013 | 8:53 AM

"UNICEF နှင့် Unilever ပူးပေါင်း၍ ကျောင်းများ ၌ တစ်ကိုယ်ရေသန့်ရှင်းမှု ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း"


ရန်ကုန်၊ အောက်တိုဘာလ ၂၉ ရက်နေ့၊ ၂ဝ၁၃ ခုနှစ်


UNICEF နှင့် Unilever  တို့ ပူးပေါင်းကာ  ကျောင်းများ၌ တစ်ကိုယ်ရေသန့်ရှင်းရေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ 'ကျောင်းတွင်း ကျန်းမာရေးနှင့် ညီညွတ်သည့်  ပတ်ဝန်းကျင်တည်ဆောက်ရေး' (Creating Hygienic Environment in School)  အစီအစဉ်ဖြင့်  ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၁၂ ကျောင်းတွင် ရေ၊ သန့်စင်ခန်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အတွက် လိုအပ်သည့်  အခြေခံလိုအပ်ချက်များ ပိုမို ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်ပေါင်း ၁၅ဝဝ ခန့်အား တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက်  အကျိုး ဖြစ်ထွန်းစေမည်ပါဖြစ်သည်။

၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ  UNICEF  ဌာနေရုံးခန်း၌ မြန်မာနိုင်ငံ၏ UNICEF ဒုတိယဌာနေ ကိုယ်စားလှယ်ဖြစ်သူ မစ္စ ရှာလီနီ ဗာဟုဂုနာ နှင့် Unilever Myanmar Limited  မှ ဌာနေ ဒါရိုက်တာ ဦးဇော်မျိုးလှိုင် တို့မှ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဤအစီအစဉ်အရ ရေအသုံးချမှုကို လျှော့ချပေးနိုင်သကဲ့သို့ ရေမသန့်ရှင်းမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသည့် ရောဂါပိုးမွှားများကို လျှော့ချပေးသွားနိုင်မည် ဖြစ်ပါသည်။

ပိုမို ကောင်းမွန်သန့်ရှင်းသော သန့်စင်ခန်းများကို ကျောင်းများတွင် တည်ဆောက်ခြင်းဖြင့် ကျောင်းသူကျောင်းသားများသည် သန့်ရှင်းသော ပတ်ဝန်းကျင်တွင် ပညာသင်ကြားခွင့် ရရှိကြမည်ဖြစ်ပြီး၊ ကျောင်းများတွင် သင်ကြားပို့ချပေးလျက်ရှိသည့် အရေးကြီးသော တစ်ကိုယ်ရေသန့်ရှင်းရေး သင်ခန်းစာများကိုလည်း လက်တွေ့ကျင့်သုံးနိုင်မည် ဖြစ်ပါသည်။

မီဒီယာများ ပိုမိုသိရှိလိုပါက Today Ogilvy Public Relation Myanmar  သို့ ဆက်သွယ်ပါရန်

ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template