Headlines News :
Home » » Super Typhoon HAIYAN မြန်မာပြည်အပေါ် အကျိုးသက်ရောက်မှုရှိမှာလား ?

Super Typhoon HAIYAN မြန်မာပြည်အပေါ် အကျိုးသက်ရောက်မှုရှိမှာလား ?

Written By လွင့်မောင်မောင် on Friday, November 8, 2013 | 11:38 PM


Storm News Update
8-11-2013
10:29 pm

(၁) (၈-၁၁-၂၀၁၃)ရက် နေ့(၁)နာရီအချိန် မိုးလေ၀သဂြိုဟ်တု(MTSAT)မှ တိုင်းတာချက်အရ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီ တိုင်းဒေသများအပေါ်ကို အရှေ့ဖက်မှရွေ့လာတဲ့ လေဖိအားနည်း ရပ်ဝန်း ဖြတ်သန်းနေပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို မိုးများရွာသွန်းနေစေ ပါတယ်။ ဒီလေဖိအားနည်း ရပ်ဝန်းဟာ ကပ္ပလီပင်လယ်ပြင်အတွင်းသို့ ၀င်ရောက်တော့ မှာ ဖြစ်ပါတယ်။

Super Typhoon HAIYAN (31W) ကတော့ ဖိလစ်ပိုင်နိုင်ငံ ကို ဖြတ်သန်းပြီးနောက် တောင်တရုတ်ပင်လယ်အတွင်း ကို ၀င်ရောက်နေပြီဖြစ် ပါတယ်။ JTWC ရဲ့ခန့်မှန်းချက်ကတော့ အနောက်မြောက် ယွန်းယွန်းကို ဦးတည်ရွေ့ လျှားပြီး (၁၀-၁၁-၂၀၁၃)ရက်နေ့ပိုင်းတွင် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကမ်းခြေ ကိုဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Storm Tracker Map 
 (၂) Super Typhoon HAIYAN (31W) ဟာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို တစ်နာရီ မိုင်(၂၀၀)နှုန်းရှိတဲ့ လေတိုက်နှုန်းများနဲ့ ဖြတ်သန်းသွားခဲ့ပါတယ်။ Category V ရှိတဲ့ သမိုင်းမှာ အပြင်းထန်ဆုံးမုန်တိုင်းတစ်ခု ဖြစ်ပါတယ်။ လောလောဆယ် လူ(၃) ဦး သေဆုံးခဲ့တယ် လို့ ဆိုပေမယ့် အသေအပျောက်တွေ ထပ်တိုးလာဖို့ ရှိနေပါသေး တယ်။ လောလောဆယ် အနောက်မြောက် ယွန်းယွန်းကို ရွေ့လျှားနေပြီး (၁၀-၁၁-၂၀၁၃) ရက်နေ့မှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
Super Typhoon 31W(HAIYAN)
Date: 8-11-2013 Time: 18:30 MST
Position: 11.8 N, 120.6E Movement: 280, 20 knots
Wave Height: 40 feet Wind:135 knots, Gust:165 knots

(၃) ဒီနေရာမှာ Typhoon HAIYAN ဟာ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်-မရှိနိုင် ဆိုတဲ့ မေးခွန်းရှိလာပါတယ်။ မိုးလေ၀သအခြေအနေသုံးသပ်ချက်(ကျွန်တော့်သုံးသပ်ချက်)ကိုပြောပြချင်ပါတယ်။ လောလောဆယ်မှာမြန်မာနိုင်ငံအပေါ်မှာ တရုတ်ပြည်မကြီးပေါ်မှအခြေပြု တိုက်ခတ် လာတဲ့ အရှေ့မြောက်လေအေးများ တိုက်ခတ်နေပါတယ်။ HAIYAN ဟာ (၁၀-၁၁-၂၀၁၃) ရက်နေ့မှာ ဇီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်တာနဲ့ တပြိုင်နက် ဒီလေအေးများ အတွင်းကိုတိုးဝင်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ HAIYAN ကြုံတွေ့နှိုင်တဲ့ အချက်(၃)ချက်ရှိပါတယ်။ (က) လေအေးများဟာ မုန်တိုင်း အတွက် တောင့်တင်းတဲ့ နံရံကြီးတစ်ချပ်လို အနောက်မြောက်ဖက်ကို မရွေ့နိုင်အောင် တားဆီးပါလိမ့်မယ်။ ဒါကို Blocking High လုပ်တယ်လို့ ခေါ်ပါတယ်။
(ခ) အရှေ့မြောက်လေအေး များရဲ့ STEERING လုပ်မှုကြောင့် မုန်တိုင်းလမ်းကြောင်း ဟာ အောက်ဖက်(တောင်ဖက်)ကို ပြောင်းလဲရွေ့သွားနိုင်တယ်။
(ဂ) မုန်တိုင်းအတွင်းကို လေအေးများတိုးဝင်မှုကြောင့် မုန်တိုင်းရဲ့ ဖွဲ့စည်းပုံ ဟာ လျော့တိလျော့ရဲဖြစ်သွားစေပြီး မုန်တိုင်းဟာ မြန်မြန်ဆန်ဆန် အားလျော့ သွားစေနိုင်ပါတယ်။

ဒါပေမယ့်ဗျာ...။ ကျွန်တော်ပြောတာမှန်ဖို့ထက် မိတ်ဆွေတွေအန္တရာယ်ကင်းဖို့က ပိုအရေးကြိး ပါတယ်။ ဒါကြောင့် အချိန်နဲ့တပြေးညီ တင်ပေးနေမယ့် သတင်းတွေ ကိုတော့ အမြဲမပြတ် ကြည့်ရှုနေစေချင်ပါတယ်။
ရာသီဥတုဆိုတာ နွားသေကို ကြိုးချီရိုက်တာလောက်တော့ ဘယ်သေချာမလည်းဗျာ။

ဒေါက်တာထွန်းလွင်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template