Headlines News :
Home » » မြန်မာ-ဘင်္ဂလာဒေခ်ျ့ အကြား ဒီဇင်္ဘာ ၉ ရက်နေ့ စတင်ပြီး လေယာဉ် တိုက်ရိုက် ပျံသန်း ပြေးဆွဲမည်

မြန်မာ-ဘင်္ဂလာဒေခ်ျ့ အကြား ဒီဇင်္ဘာ ၉ ရက်နေ့ စတင်ပြီး လေယာဉ် တိုက်ရိုက် ပျံသန်း ပြေးဆွဲမည်

Written By လွင့်မောင်မောင် on Wednesday, November 6, 2013 | 12:24 PM


(- ၆ နိုဝင်္ဘာ ၂၀၁၃)

မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တို့၏ သဘောတူညီချက်အရ လာမည့် ဒီဇင်္ဘာလ ၉ ရက်နေ့မှ စတင်ပြီး (၂) နိုင်ငံအကြား လေကြောင်းလိုင်း တိုက်ရိုက် ပြေးဆွဲပျံသန်းမည်ဟု သတင်း ရရှိသည်။

ရက်သတ္တပတ် (၁) ပတ် အတွင်း နှစ်ကြိမ်နုန်းဖြင့် ရန်ကုန်နှင့် ဒက္ကားမြို့အကြား ဘင်္ဂလာဒေခ်ျ့ လေကြောင်းလိုင်း ဘီမန်က ပြေးဆွဲပျံသန်းမည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံ အမျိုးသားပိုင် ဘီမန်လေကြောင်းလိုင်း အထွေထွေမန်နေဂျာ Kevin Steel က တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောကြားသည်။

“ မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက လေကြောင်းလိုင်းဖွင့်လှစ်ဖို့ သဘောတူညီမူ လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်းမှာ ခုလို လေယာဉ် စတင် ပျံသန်း ပြေးဆွဲမယ့် အစီအစဉ် ပေါ်ပေါက်လာတာပါ” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား နိုင်ငံတကာ အဆင့်မှီ ဘိုအင်း Boeing 737-800 လေယာဉ်ကြီးများဖြင့် ပြေးဆွဲပျံသန်းမူဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ယခင်ကလည်း တိုက်ရိုက် လေကြောင်း ပျံသန်းမူ ရှိခဲ့သော်လည်း အရှုံးပေါ်ခဲ့သဖြင့် ၂၀၀၇ ခုနှစ်က လေကြောင်းပျံသန်း ပြေးဆွဲမူကို ဘီမန်လေကြောင်းလိုင်းက ရပ်နားခဲ့သည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template