Headlines News :
Home » » ဒေါ်စု သြစတြေးလျ ခရီးထွက်မည်

ဒေါ်စု သြစတြေးလျ ခရီးထွက်မည်

Written By လွင့်မောင်မောင် on Wednesday, November 6, 2013 | 9:38 AM

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သြစတြေးလျနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆစ်ဒနီမြို့၊ ကမ်ဘာရာမြို့တော်နဲ့ မဲလ်ဘုန်းမြို့တွေကို သွားရောက်ပြီး အခမ်းအနားတချို့ တက်ရောက်မှာ ဖြစ်သလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာကို ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ပြောပါတယ်။ သြစတြေးလျ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ စီစဉ်ကျင်းပတဲ့ HIV AIDS ညီလာခံကိုလည်း တက်ရောက်မှာ ဖြစ်တယ်လို့ သြစတြေးလျ ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ သြစတြေးလျနိုင်ငံက အခြေခံနဲ့ အဆင့်မြင့် ပညာရေး အကူအညီတွေအပါအဝင် လက်တွေ့ကျတဲ့ အကူအညီတွေ ပေးနေတယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template