Headlines News :
Home » » ၂၀၁၄ သင်္ကြန် အကြိုနေ့ မြင်ကွင်း (ရုပ်/သံ)

၂၀၁၄ သင်္ကြန် အကြိုနေ့ မြင်ကွင်း (ရုပ်/သံ)

Written By လွင့်မောင်မောင် on Monday, April 14, 2014 | 9:34 AM

 

ကိုသူရ ရိုက်ချက်



ကိုသူရ ရိုက်ချက်



မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ်သို့ အကူးအပြောင်း ကာလ ရိုးးရာ မဟာသင်္ကြန်ပွဲဟာ ယနေ့ ဧပြီ ၁၃ရက် အကြိုနေ့ ညနေပိုင်းက စတင်ပြီး အသက်ဝင်ခဲ့ပြီ ဖြစ်ပါတယ်။ နှစ်စဉ် ရန်ကုန်သင်္ကြန်ဆိုရင် တိုးမပေါက်အောင် စည်ကားတဲ့ လမ်းတစ်လမ်းဖြစ်တဲ့ ကန်တော်ကြီး ပတ်လမ်းရဲ့ မြင်ကွင်းကလည်း အကြိုနေ့လို့တောင် မထင်ရပါ။

မနေကအထိ သူ့အတိုင်းရှိနေသေးတဲ့ ကန်တော်ကြီး ပတ်လမ်းဟာ တစ်ညနဲ့တစ်နေ့အတွင်းမှာ ရုတ်ချဉ်းဆိုသလို ပြောင်းလဲသွားပါတော့တယ်။ မြန်မာနိုင်ငံမှာ လမ်းဖောက်၊ တံတားဆောက်တာတွေသာ နှစ်ပေါက်အောင်ကြာသော်လည်း မပြီးစီးနိုင်တတ်ပေမယ့် အခုလို ပျော်ပွဲရွှင်ပွဲအတွက်ဆိုရင်တော့ တစ်မဟုတ်ချင်းဆိုသလိုပဲ အပြောင်းအလဲက သိပ်မြန်တယ်။

ကားနဲ့ လည်တဲ့သူတွေရှိသလို၊ ခြေကျင် လျှောက်လည်သူတွေလည်း များပြားလှပါတယ်။ မဏ္ဍပ်ကြီးတွေက မြူးကြွဂီသံစဉ်တွေ ပျံ့လွင့်နေပြီးတော့ လမ်းကဖြတ်လျှောက်သွားရင် night club တွေကို တစ်ခုဝင် တစ်ခုထွက်လုပ်သလိုမျိုး မဏ္ဍပ် တစ်ခုနဲ့တစ်ခု အပြောင်းမှာ ဂီတတွေကလည်း ပြောင်းလဲသွားတယ်။ လူတွေ၊ ကားတွေ ပြည့်နှက်နေသလို မရေတွက်နိုင်သော ဈေးဆိုင်တွေ လမ်းတစ်လျှောက်တွေ့ရမှာ ဖြစ်တယ်။ ရန်ကုန်တစ်မြို့လုံးက ရှိသမျှ ဈေးသည်တွေ ဆိုင်ထွက်ရောင်း ကြသလား ထင်မှတ်ရပါတယ်။

အသွေးအရောင်စုံတယ်။ လူတန်းစား ပေါင်းစုံတယ်။ ရေပေါ်ဆီလူတန်းစားတွေကို မြင်ရသလို ဘ၀မှာ ပျော်စရာ မရှိလို့၊ လိုအပ်လို့ ဖြစ်သလို လာပျော်ကြသူတွေကိုလည်း ရှိတယ်။ ပိတ်အဖြူခံမှာ ဆေးအမည်းစက်တွေ ပက်ထားသလို မတူညီမှု၊ မမျှတမှုတွေကို အတိုင်းသား တွေ့ရတယ်။

ဒီနှစ်သင်္ကြန်ရဲ့ ထူးခြားချက်တစ်ခုက သတင်းမီဒီယာများက ကြိုတင်ရေးသားခဲ့ကြသလိုပဲ နိုင်ငံခြား ခရီးသည်ဧည့်သည်တွေ ခါတိုင်းထက် ပိုမိုများပြားနေတာ တွေ့ရတယ်။

မဏ္ဍပ်တွေအနားမှာ အရက်ဘီယာ ရောင်းချရင် လူရော ပစ္စည်းပါ ဖမ်းမယ်ဆိုတဲ့ စည်ပင်ရဲ့ ကြိုတင်မိန့်ကြောင့် ဈေးသည်အများစုဟာ အကြိုနေ့မှာတော့ သိုဝှက်စွာပဲ ရောင်းချကြတယ်။ သင်္ကြန်ပွဲဆိုတာ လုံခြုံရေးတာဝန်ကြသူတွေပါ သောက်စားတတ်ကြသမို့ နောင်ရက်တွေမှာတော့ ပွဲအရှိန်ရလာတာနဲ့အမျှ ပေါ်ပေါ်တင်တင် ရောင်းချကြတော့မယ် ထင်ရတယ်။

အောင်ခြေလူတန်းစား ဈေးသည်များရဲ့အရက်၊ ဘီယာရောင်းချမှုကို တင်းကျပ်စွာ အရေးယူမယ်ဆိုပေမယ့် Grand Royal ကတော့ ကန်တော်ကြီးထဲမှာ foam partyနှင့် စင်တင်တေးဂီတပွဲကို ၄ ရက်စလုံး မနက်ကနေ ညနေအထိ တစ်နေကုန်တစ်နေခမ်း ကျင်းပပေးမှာပါ။ ပုံမှာတွေ့ရသူကလေးကတော့ ပွဲလာသူတွေ ကချင် ခုန်ချင်စိတ်တွေ ပိုဖြစ်လလာအောင် ဆွဲဆောင်ပေးနေတဲ့ Grand Royal ပွဲက အကမယ်လေးပဲ ဖြစ်ပါတယ်။ ဒိအပြင် မိန်းကလေးများရဲ့ ၀တ်စားဆင်ရင်မှုကတော့ ရိုးရာသင်္ကြန်လို့ ပြောလို့မရနိုင်ပေမယ့် လွန်လွန်ကြူးကြူး ဖော်ချွတ် ကခုံတာတွေ အကြိုနေ့အထိ မတွေ့ရသေးဘူး။

ဒါလဲပဲ နောင်လာမယ့် အကျ၊ အကြပ်နဲ့ အတတ်နေ့တွေမှာ အရက်ဘီယာ ရောင်းချမှုနဲ့အတူ စည်းဝါးလွတ်လာလေမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template