Headlines News :
Home » » ဧ၀ရတ် တောင်နှင်းထုပြို လူတစ်ရာခန့် ပိတ်မိ

ဧ၀ရတ် တောင်နှင်းထုပြို လူတစ်ရာခန့် ပိတ်မိ

Written By လွင့်မောင်မောင် on Saturday, April 19, 2014 | 8:28 AM

ဧဝရတ်တောင်မှာ နှင်းထုပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပွါးနေ တာမို့ တောင်တက် သမား တရာလောက် လမ်းမှာပိတ်မိနေကြသလို  သောကြာနေ့ အစောပိုင်း ပြိုမှုကြောင့်သေဆုံးရတဲ့  ဒေသခံ Sherpa လမ်းပြက  ၁၂ ဦးထက်မနည်း ရှိနေပါတယ်။ နောက် လမ်းပြ ၃ ယောက်က ဒဏ်ရာတွေ ရခဲ့ကြသလို ၄ ယောက်လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။  အခု နှင်းထုပြိုကျမှုဟာ ဧဝရတ်တောင်မှာ ဖြစ်ပွါးခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှ အဆိုးဝါးဆုံး ဖြစ်မယ်လို့ သတ်မှတ်ကြပါတယ်။  ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စနေနေ့မှာ ဆက်လုပ်ကြမှာဖြစ်ပါတယ်။

အခုလိုနှင်းထုပြိုကျမှုတွေ ဖြစ်ပွါးခဲ့တဲ့အတွက် ဧဝရတ်တောင်တက်နေသူတွေ လုံးဝရပ်နားထားရတယ်လို့ တောင်တက်သမား  Alan Arnette ကပြောပါတယ်။  တောင်ဆက်တက်နိုင်ဖို့အတွက်  လမ်းကြောင်း အသစ် ရှာဖွေနိုင်အောင် ရက်ပေါင်းအတော်ကြာနိုင်တယ် လို့လည်း ဆိုပါတယ်။

နီပေါခရီးသွားဝန်ကြီးဌာနကတော့ တောင်တက်ကျွမ်းကျင်တဲ့  Sherpa ဒေသခံတွေဟာ အမြင့်ပေ တသောင်းကိုးထောင်ကျော်မှာရှိတဲ့  Popcorn Field လို့ခေါ်တဲ့ နေရာမှာ တောင်တက်သူတွေအတွက်  သူတို့အရင်စောစော ထွက်ပြီး  ကြိုးတွေကို ပြင်ပေးနေစဉ်  အခုလို နှင်းထုတွေ ပြိုကျခဲ့တာလို့ ပြောပါတယ်။
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template