Headlines News :
Home » » ကိုရီးယား သင်္ဘောမှောက်မှုကြောင့် ဒုကျောင်းအုပ် ကိုယ့်ဖာသာအဆုံးစီရင်

ကိုရီးယား သင်္ဘောမှောက်မှုကြောင့် ဒုကျောင်းအုပ် ကိုယ့်ဖာသာအဆုံးစီရင်

Written By လွင့်မောင်မောင် on Saturday, April 19, 2014 | 8:35 AM

တိမ်းမှောက်နေတဲ့ ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး (ဧပြီ ၁၈၊ ၂၀၁၄)
တိမ်းမှောက်နေတဲ့ ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး (ဧပြီ ၁၈၊ ၂၀၁၄)
နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောကနေ ကယ်တင်နိုင်ခဲ့တဲ့ အထက်တန်းကျောင်း ဒုတိယ ကျောင်းအုပ်ကြီးဟာ ဗုဒ္ဓဟူးနေ့မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ SEWOL ခရီးသည်တင် သင်္ဘော နစ်မြုပ်ရာမှာပျောက်ဆုံးနေတဲ့ ခရီးသည် ၂၇၀ နီးပါးကိုရှာဖွေနေရာမှာ တစထက် တစ မျှော်လင့်ချက် နည်းပါးလာချိန်မှာ အခုသတင်း ထွက်ပေါ်လာ တာပါ။

အသက် ၅၂ နှစ်အရွယ် ဒုတိယကျောင်းအုပ်ကြီး Kang Min-Kyu ဟာ၊ အဲဒီခရီးသည်တင် သင်္ဘောနဲ့ ခရီးထွက်ကြတဲ့ ကျောင်းသား ၃၂၅ ဦးပါ အဖွဲ့ကို ဦးဆောင်သူဖြစ်ပါတယ်။ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ သူတွေ ပျောက်ဆုံးနေဆဲဖြစ်သူတွေရဲ့ မိသားစုတွေ ခေတ္တနေထိုင်နေရာ Jindo ကျွန်းပေါ်က ကာယ အားကစားခန်းမတခု အနီးမှာရှိတဲ့ သစ်ပင်တပင်မှာ သူ့ရဲ့ ခါးပတ်ကို အသုံးပြုပြီး ကြိုးဆွဲချ သေဆုံးနေတာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
သတမ်းစာမှာ သူ့အနေနဲ့ အသက်ရှင်လျှက်ကျန်ရှိနေတာကို အပြစ်ရှိတယ်လို့ ခံစားရတဲ့အတွက် အခုလိုလုပ်ရတာ ဖြစ်တယ်လို့ ဒုတိယကျောင်းအုပ်ကြီး က ရေးသားထားပါတယ်။ အခုအချိန် အထိ သေဆုံးသူလို့ အတည်ပြုနိုင်သူ ၂၈ ဦးရှိပြီး၊ ၁၇၉ ဦး ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အထက်တန်း ကျောင်းသူ၊ကျောင်း သားတွေ အများအပြား အပါအ၀င် လူတွေ ရာနဲ့ချီပြီး ပျောက်ဆုံးနေ ဆဲဖြစ်ပါတယ်။
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template