
ဧပြီလ ၁၄ ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်က မိတ္ထီလာမြို့နယ် မိုင်တိုင်အမှတ် ၃၁၆ မိုင် ၃ ဖာလုံနှင့် ၃၁၆ မိုင် ၄ ဖာလုံကြား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ကျော်မြင့်ဦး (၃၈) နှစ် ယာဉ်မောင်းလိုင်စင် (စိစစ်ဆဲ) အမှတ် (၅၁) အောင်သပြေလမ်း၊ တောင်ဒဂုံမြို့နေသူ မောင်းနှင်သော ၆င/၇၆၆၂ ရွှေအိုရောင် တက်လမ်း ခရီးသည်တင် မှန်လုံယာဉ် (လိုင်စင် စိစစ်ဆဲ ) သည်
စက်ပျက်ပြီး လမ်းညာဘက်ချမ်းတွင် ရပ်ထားသော ယာဉ်မောင်း ချစ်ကိုကို (၂၇) နှစ် အမှတ် (၂၈) အင်ကြင်းလမ်း၊ ယုဇန ဥယျာဉ်မြို့ နေသူမောင်းနှင်သော ၅ဂ/၇၄၇၇ နေလ ခရီးသည်တင် မှန်လုံယာဉ်၏ နောက်ပိုင်းအား တိုက်မိသောကြောင့် ၆င/၇၆၆၂ ခရီးသည်တင်ယာဉ်ပေါ် ပါရှိသူ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားသုံးဦး အမျိုးသမီး လေးဦး ဒဏ်ရာရရှိကာ
နေလ ခရီးသည်တင်ယာဉ်မှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
MRTV