Headlines News :
Home » » ယခုနှစ် သင်္ကြန်ကာလအတွင်း မှုခင်းပေါင်း ၁၉၄ မှု ဖြစ်ခဲ့ပြီး လူ ၁၅ ဦးသေဆုံး

ယခုနှစ် သင်္ကြန်ကာလအတွင်း မှုခင်းပေါင်း ၁၉၄ မှု ဖြစ်ခဲ့ပြီး လူ ၁၅ ဦးသေဆုံး

Written By လွင့်မောင်မောင် on Thursday, April 17, 2014 | 7:49 PM


ဒီနှစ်သင်္ကြန်ကာလအတွင်း တနိုင်ငံလုံးမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၁၉၄ ခု ဖြစ်ပွားခဲ့ကာ လူ ၁၅ ယောက်သေဆုံးပြီး ၁၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးချုပ် ၀င်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

အများဆုံးမှုခင်းဖြစ်တဲ့ ခိုက်ရန်ဖြစ်ပွားတာက ၆၄ ခုဖြစ်ခဲ့ပြီး ၁၀၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပြီးတော့ ယာဉ်တိုက်မှု ၂၅ မှု မှာ ၄ ယောက်သေဆုံးပြီး ၈၈ ယောက်ဒဏ်ရာရခဲ့တယ် လို့ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားတာဟာ မနှစ်ကထက် ၁၇ ခု တိုးလာပြီး သေဆုံးသူကတော့ ၁၇ ယောက် လျော့သွားခဲ့တာပါ။

သင်္ကြန်အကြိုနေ့မှာ မှုခင်း ၁၃ ခု၊ အကျနေ့မှာ ၄၀၊ အကြတ်နေ့မှာ ၆၀ နဲ့ အတက်နေ့မှာတော့ အများဆုံးဖြစ်ခဲ့ပြီး ၇၈ ခု ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သင်္ကြန်ကာလမှာ ရန်ကုန်တိုင်းအတွင်း မှုခင်းဖြစ်ပွားတာတွေ လျော့နည်းဖို့အတွက် လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီက ကွပ်ကဲမှုရုံးတွေ ဖွင့်လှစ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template