Headlines News :
Home » » ဆလွန်းယာဉ်မှ ရေကစား မဏ္ဍပ်အား ၀င်ရောက်တိုက်မိသဖြင့် ရေကစားနေသူ (၈)ဦးဒဏ်ရာရ

ဆလွန်းယာဉ်မှ ရေကစား မဏ္ဍပ်အား ၀င်ရောက်တိုက်မိသဖြင့် ရေကစားနေသူ (၈)ဦးဒဏ်ရာရ

Written By လွင့်မောင်မောင် on Monday, April 14, 2014 | 10:39 PM

 
ရန်ကုန်၊ ဧပြီ ၁၄

၁၃.၄.၂၀၁၄ရက်နေ့ ၁၆၃၀အချိန် ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း သန်းဝင်းအောင် (၃၉)နှစ်၊ (ဘ)ဦးကျော်မြ၊ ရွှေပြည်သာမြို့နယ်နေသူ မောင်းနှင်လာသော ၆ဃ/----၊ ALTEZZA ဆလွန်း ငွေမင်ရောင်ကိုယ်ပိုင်ယာဉ်သည် ရွှေပြည်သာကွေ့ မှတ်တိုင်အနီးအရောက် လမ်း၏ယာဘက်ဘေးရှိ တယ်လီဖုန်းဆက်သွယ် ရေးတိုင်နှင့် ရေကစားမဏ္ဍပ်တို့အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးတိုင်တို့ ပျက်စီးခဲ့ပြီး ရေကစားမဏ္ဍပ်၌ ရေကစားနေသူ(၈)ဦးတို့တွင် ဖူးရောင် ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင်အတွင်း/အပြင်လူနာများအဖြစ်ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ သန်းဝင်းအောင် အား ရွှေပြည်သာမြို့မရဲစခန်းယာဉ်(ပ)၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template