နေပြည်တော်၊ ဧပြီ ၁၄
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊
ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၁၆၈/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ
သာဂရအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊
သာယာကုန်းရွာနေ မျိုးမြင့်ဟိန်း(ခ)စိုးစိုး(၂၆)နှစ်မောင်းနှင်လာသည့်
၈ည/xxxx မန်းရွှေမြို့တော်ခရီးသည်တင် ဖြူမီးခိုးကြားရောင်မှန်လုံယာဉ်သည်
ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးများအား
ဝင်ရောက်တိုက်မိခဲ့ကြောင်းသိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊
ဇီးကျေးရွာနေ ယာဉ်နောက်လိုက် ရဲမျိုးအောင်(၂၃)နှစ်မှာ ယာဉ်ပေါ်မှ
ပြုတ်ကျပြီး ကပ်ပယ်အိတ် ဖူးရောင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ပြီးယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းကြေမွ၊
ဝဲရှေ့ဘီးကျွတ်၊ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံး
ခဲ့သောကြောင့် မျိုးမြင့်ဟိန်း(ခ)စိုးစိုးအား သာဂရအမြန်လမ်း ရဲစခန်း
ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။
ရဲဇာနည်