Headlines News :
Home » » ညောင်ရွှေမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ နေအိမ် (၁၀၀) ကျော် ပျက်စီး

ညောင်ရွှေမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ နေအိမ် (၁၀၀) ကျော် ပျက်စီး

Written By လွင့်မောင်မောင် on Friday, April 18, 2014 | 8:27 PM

နေအိမ်အပျက်အစီးများ ။ ဓါတ်ပုံ - ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ 

၁၇.၄.၂၀၁၄ရက်နေ့ ၁၆၂၀အချိန်မှ ၁၆၃၀ အချိန်ထိ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး ခရိုင်၊ ညောင်ရွှေ မြို့နယ်တွင် လေပြင်း တိုက်ခတ်ပြီး မိုးသည်း ထန်စွာ ရွာသွန်းခဲ့သဖြင့် ညောင်ရွှေမြို့နယ် အတွင်းရှိ နေအိမ်(၁၀၀)ကျော် ပျက်စီးခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် သလဲဦးကျေးရွာ အုပ်စုအတွင်း ကျေးရွာ ၆ ရွာမှ လူနေအိမ် ၆လုံး လဲပြို ပြီး ၉၃လုံးအမိုးများ လန်သွားခဲ့ကြောင်း ၊ ကျွန်းကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာတွင် လည်း နေအိမ် ၆ လုံး လဲပြို ပြီး ၁၅ လုံး အမိုးလန်သွားခဲ့ကြောင်း သိရသည်။

နန်းသဲကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာတွင် နေအိမ် ၈ လုံး လဲပြို ပြီး ၇ လုံး အမိုးလန်သွားခဲ့ပါသည်။

ညောင်ရွှေမြို့ပေါ် နန်ပန်းရပ်ကွက်ရှိ နေအိမ် ၂လုံး အမိုးများပျက်စီးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးတန်ဖိုးမှာ ၃၄၂၅၀၀၀ိ/- ဆုံးရှုံးခဲ့ကြောင်း သိရပါသည်။

အဆိုပါ လေပြင်းတိုက်ခတ်၍ ပျက်စီးသည့် ကျေးရွာများသို့ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်၍ လိုအပ် သည်များ ကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

BY THIT HTOO LWIN

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template