Headlines News :
Home » » လေယာဉ်နှစ်စင်းတိုက်မိမှု အသေးစားခုံရုံးဖွဲ့

လေယာဉ်နှစ်စင်းတိုက်မိမှု အသေးစားခုံရုံးဖွဲ့

Written By လွင့်မောင်မောင် on Monday, April 14, 2014 | 4:26 PM

 
တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် ရွှေမြန်မာ (Golden Myanmar) လေယာဉ်က အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI)ကို ဧပြီလ ၁၄ရက် နံနက် ၆နာရီခန့်က တိုက်မိခဲ့သဖြင့် စုံစမ်းမှု ပြုလုပ်ရန် အသေးစား ခုံရုံးတစ်ခုကို အားချင်း ဖွဲ့စည်းလိုက်သည်ဟု MAI လေကြောင်းလိုင်း၏ ဈေးကွက်နှင့် လူထုဆက်ဆံရေး မန်နေဂျာ မအေးမရသာက မဇ္ဈိမကို ပြောသည်။

"လေယာဉ်ထိခိုက်မှု ကတော့ တော်တော်လေး ဖြစ်သွားတယ်။ လေယာဉ်အမြီးပိုင်းက တော်တော်လေးထိတယ်။ အခုက ပိတ်ရက်လည်းဖြစ်တယ်။ အခုလေယာဉ် ဒီလိုဖြစ်တဲ့အတွက် ခုံရုံးအသေးစားလေး ယာယီဖွဲ့ထားတာပဲ ရှိတယ်။ ရုံးတွေဖွင့်တဲ့အခါကျရင်တော့ ဒီဟာတွေက ဆက်လုပ်သွားရမှာပေါ့၊ ခုံရုံးက ဒီနေ့ အားချင်းပဲ ဖွဲ့တာပါ"ဟု
MAI လေကြောင်းလိုင်း၏ ဈေးကွက်နှင့် လူထုဆက်ဆံရေး မန်နေဂျာ မအေးမရသာက မဇ္ဈိမကို ပြောသည်။

လေယာဉ်နှစ်စင်း မတော်မဆမှုသည် ခရီးသည်များ လေယာဉ်ပေါ်မတက်မီ ဖြစ်ပွားခဲ့၍ လူထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

"လူထိတာတော့ မရှိပါဘူး။ ဘာအန္တရာယ်မှ မရှိပါဘူး။ လေယာဉ်ကတော့ ခရီးစဉ် Delay (ကြံ့ကြာမှု) ဖြစ်နိုင်ပါတယ်။"ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူက ဆိုသည်။

ဧပြီ ၁၄ရက် နံနက်တွင် ပြင်ပနိုင်ငံတစ်ခုကို သွားမည့် Golden Myanmar လေယာဉ်သည် ခရီးသည်မတင်မီ လေယာဉ်နေရာရွှေ့နေစဉ် ရပ်ထားသည့် MAI လေယာဉ်၏ အနောက်ဘက်ပိုင်းကို ဝင်တိုက်မိခြင်းဖြစ်ပြီး Golden Myanmar လေယာဉ်ခေါင်းပိုင်း အနည်းငယ် ပျက်စီးခဲ့ပြီး MAI လေယာဉ် နောက်မှီးပိုင်း ပျက်စီးခဲ့ရသည်။

Golden Myanmar လေယာဉ်သည် ရန်ကုန်မှ မည်သည့်နိုင်ငံသို့ သွားရောက်မည်ကိုမူ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများက ပြောဆိုခြင်း မရှိပေ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမ Golden Myanmar လေကြောင်းလိုင်း၏ Hot Line ဖုန်းများကို ဆက်သွယ်ခဲ့ရာ သတင်းပြန်ကြားရေးဌာနမှာ သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည့်အတွက် ရုံးဖွင့်ရက်မှသာ ပြန်လည်ဆက်သွယ်ရန် ဖြေကြားခဲ့သည်။

သိင်္ဂီထွန်း
Mizzima - News in Burmese

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template