Headlines News :
Home » » ၂၀၁၉ အာရှအားကစားပွဲ ဗီယက်နမ် လက်ခံကျင်းပမည်မဟုတ်

၂၀၁၉ အာရှအားကစားပွဲ ဗီယက်နမ် လက်ခံကျင်းပမည်မဟုတ်

Written By လွင့်မောင်မောင် on Saturday, April 19, 2014 | 8:40 AM

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ၂၀၁၉ ခုနှစ် အာရှအားကစားပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးဖို့ အစီအစဉ်ကို ငွေကြေး အခက်အခဲကြောင့် ပြန်ပြီး ရုတ်သိမ်းလိုက်ကြောင်း ဗီယက်နမ် အစိုးရက ပြောပါတယ်။ ကြာသပတေးနေ့မှာ အစိုးရရုံး ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung က အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ စီးပွါးရေး မပြေလည်တဲ့အတွက် အစိုးရအသုံးစားရိတ်ကို အကန့်အသတ်နဲ့ သုံးနေရပြီး ဒီပွဲတော်အတွက် ကုန်ကျမယ့် ငွေကို တခြား အရေးတကြီး လိုအပ်တဲ့ ကဏ္ဍတွေမှာ သုံးစွဲရမယ်လို့ ဆိုပါတယ်။
ဒီအားကစား ပွဲစဉ်တွေအတွက် ဒေါ်လာသန်း ၁၅၀ လောက်ကုန်ကျမှာမို့ ဗီယက်နမ်နိုင်ငံ အတွက် စားရိတ်သိပ်ကြီးတယ်လို့ ဆိုပါတယ်။  တကယ်တမ်းမှာ ဒီထက်မက ပိုပြီး ကုန်ကျသွားနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

၂၀၁၂ ခုနှစ် အာရှအားကစားပွဲတော် ကျင်းပစဉ်က အင်ဒိုနီးရှားနိုင်ငံ  Surabaya မြို့နဲ့ ယှဉ်ပြီး အရွေးခံရာမှာ ဟနွိုင်းကို ရွေးခဲ့ကြတာပါ။   အခု အိမ်ရှင်အဖြစ် ဟနွိုင်းက ငြင်းပယ်လိုက်တဲ့ နောက် ၂၀၁၉ ခုနှစ် ပွဲတော်ကျင်းပရမယ့် နေရာကို မသိရသေးပါဘူး။ 
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template