Headlines News :
Home » » သံတွဲ စတိုးဆိုင် ဓားထောက်လုယက်မှုနှင့် ရေတပ်သားတဦးကို ဖမ်းဆီး

သံတွဲ စတိုးဆိုင် ဓားထောက်လုယက်မှုနှင့် ရေတပ်သားတဦးကို ဖမ်းဆီး

Written By လွင့်မောင်မောင် on Friday, April 18, 2014 | 8:53 PM


သံတွဲမြို့လည်ရှိ ဈေးဆိုင် တန်းများအား မြင်တွေ့ရစဉ်
သံတွဲမြို့လည်ရှိ ဈေးဆိုင်တန်းများအား မြင်တွေ့ရစဉ်
18 April 2014
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စတိုးဆိုင်တဆိုင်ကို ဓားထောက်လုယက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရေတပ်သားတယောက်ကို ဖမ်းဆီးထားပြီး ဆက်လက်အရေးယူနိုင်ဖို့ ရေတပ် တာဝန်ရှိသူတွေကို လွှဲပေးထားတယ်လို့ သံတွဲရဲစခန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့က သံတွဲမြို့လယ် မဟာဗဒ္ဓုလ လမ်းမှာရှိတဲ့ စတိုးဆိုင်တဆိုင်မှာ နှစ်ခေါင်းစီးတပ်လူငယ်တဦးက ဈေးသည်အမျိုးသမီးကို ဓားထောက် လုယက်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး အနီးအနားဝန်းကျင်က လူတွေက ၀ိုင်းဝန်းဖမ်းဆီး ရဲစခန်းကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
သံတွဲမြို့လည်ရှိ ဈေးဆိုင်တန်းများအား မြင်တွေ့ရစဉ်
ဖမ်းဆီးခံရသူဟာ ရေတပ်သားတဦးဖြစ်ပြီး ဆက်လက်အရေးယူနိုင်ဖို့ ရေတပ်တာဝန်ရှိသူတွေကို လွှဲပြောင်းပေးထားတယ်လို့ သံတွဲမြို့မ ရဲစခန်းက တာဝန်ကျ ဒုရဲအုပ် အောင်နိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒါနဲ့ ပတ်သက်ပြီးတော့ ဖြစ်တဲ့နေ့ကပဲ ဖမ်းဆီးပြီး ရေတပ်ကို လွှဲပြောင်းပေးပြီးပါပြီ ခင်ဗျ။ လောလောဆယ်ကတော့ ကျင့်ဝတ်ဆိုင်ရာနဲ့ အမှုဖွင့်ထားတယ်။ ဖွင့်ထားတာကို သူတို့ရဲ့ အထက်ဌာန အကြီးအကဲတွေဆီကို ကျနော်တို့က ဒီကနေပြီးတော့ ကျင့်ဝတ်ဆိုင်ရာနဲ့ ဖွင့်သင့် မဖွင့်သင့် ဒါမှမဟုတ် စစ်စည်းကမ်းနဲ့ပဲ ဖွင့်သင့်မဖွင့်သင် အကြံဥာဏ်ပြုပါလို့တော့ စတင်ထားပါတယ်။”
ဖမ်းဆီးထားသူကို ဥပဒေအရ အရေးယူပေးဖို့ ဈေးသည် မရွှေနီလာမြင့်က တရားလိုလုပ် တိုင်တန်းထားပြီး သံတွဲ မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
လုယက်မှုခံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ မရွှေနီလာမြင့်က ဒီဗွီဘီကို အခုလို ပြန်ပြောပြပါတယ်။
“ဗီရိုပေါ်တင်ထားတဲ့ အရုပ်ကြီးကို ဘယ်လောက်လဲလို့ မေးတဲ့အခါမှာ မနီလာက ၅ သောင်း ၆ သောင်းလို့ ပြောတဲ့အချိန်မှာ ဘယ်အချိန်က ဓားကို ထုတ်ထားလဲ မသိ။ ဓားထုတ်တဲ့အချိန်မှာ မနီလာတဲ့ ဗိုက်တည့်တည့်ကို ဓားထောက်ထားတယ်။ မနီလာက ဓားပြတိုက်တယ်လို့ အော်တာပေါ့။ အော်ပြီး မနီလာက အဲဒီကောင်ကို ဆောင့်ဆောင့်ပြီး အိမ်ရှေ့တွန်းသွားတာ။”
လုယက်ဖို့ ကြိုးစားခဲ့သူက တွန်းထိုးခဲ့တဲ့အတွက် မိခင်ဖြစ်သူ တင်ပါးဆုံ နာကျင်သွားပြီး အသေးစား ခွဲစိတ်ကုသရမယ်လို့လည်း မရွှေနီလာမြင့်က ပြောပါတယ်။
လုယက်မှုသံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ရေတပ်သားကို အရပ်ဖက်တရားရုံးမှာ တရားစီရင်မလား စစ်ဖက် တရားရုံးမှာ စီရင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။ အရေးယူ ဆောင်ရွက်နေမှု အခြေအနေကို သိရဖို့ သံတွဲရေတပ်စခန်းကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။
နိုင်ငံပိုင်သတင်းစာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဒီလုယက်မှုသတင်းကို ဖော်ပြခဲ့ပေမယ့် ဖမ်းဆီးခံထားရသူဟာ ရေတပ်သားတဦးဖြစ်တယ် ဆိုတာကိုတော့ ထုတ်ဖော် ရေးသားခြင်း မရှိပါဘူး။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template