Headlines News :
Home » » ရေဖြူမြို့နယ် ကျွဲသုံးညီမ ကျေးရွာအုပ်စုတွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဆက်ကြေးတောင်း

ရေဖြူမြို့နယ် ကျွဲသုံးညီမ ကျေးရွာအုပ်စုတွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဆက်ကြေးတောင်း

Written By လွင့်မောင်မောင် on Sunday, November 2, 2014 | 4:48 PM

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ

 ရေဖြူမြို့နယ် ကျွဲသုံးညီမ ကျေးရွာအုပ်စုတွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဆက်ကြေးတောင်း
|Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊
ကျွဲသုံးညီမကျေးရွာအုပ်စုမှ ဆက်ကြေးကျပ်သိန်း ၄၀၀ပေးရန်
မွန်အမျိုးသားပြန်လည်ထူထောင်ရေးနှင့် လွတ်မြောက်ရေးတပ်မတော်မှတပ်မှူးဆိုသူက ကျေးရွာအုပ်ချုပ်ရေးမှူးထံ အောက်တိုဘာလ ၂၅ ရက် နေ့က
မွန်စာဖြင့် စာရေးသားကာ တောင်းထားကြောင်း ဒေသခံများက ပြောကြားသည်။
စာမှာ မွန်ဘာသာဖြင့် ရေးသားထားသည့် လက်ရေးစာဖြစ်ပြီး
မနုဿီဟစည်းတံဆိပ်ပါရှိကြောင်း ဒေသခံများက ပြောသည်။
ဆက်ကြေးမပေးပါက အုပ်ချုပ်ရေအဖွဲ့မှ နာယက(သို့) ရွာသူရွာသားများကို
ပြင်းထန်စွာ အရေးယူသွားမည်ဟု ယင်းစာတွင် ရေးသားထားကြောင်း
မွန်စာဘာသာပြန်ချက်အရ သိရသည်။
ဒေသခံများထံမှ ရရှိသည့် မွန်စာ ဘာသာပြန်နှင့် အခြား
မွန်စာကျွမ်းကျင်သူတစ်ဦး၏ မွန်စာ ဘာသာပြန်ချက်တွင် တပ်ဖွဲ့အမည်၊ ငွေပမာဏ၊
အချို့ စကားလုံးများ ကွာဟမှု ရှိနေသည်။
အဆိုပါလက်နက်ကိုင်များသည် ကျွဲသုံးညီမကျေးရွာအုပ်စုရှိ
ကျေးရွာများဖြစ်သော ဗျူကြီးကျေးရွာတွင်  အောက်တိုဘာလ ၂၃ ရက်နေ့က ငွေကျပ်
၃၄ သိန်းနှင့် ရွှေ ၆ ကျပ်သား၊ မဲတောကျေးရွာတွင် အောက်တိုဘာ ၂၄ ရက်နေ့က
ငွေကျပ်သိန်း ၃၀၊ ယင်းနေ့တွင်ပင် ဗျိုက်ကျေးရွာတွင် ငွေကျပ် ၁၅
သိန်းနှင့် ချပုံကျေးရွာတွင် ငွေကျပ်သိန်း ၁၀၀ ကျော် တောင်းယူခဲ့ကြောင်း
ရွာခံများက ပြောသည်။
ယင်းအဖွဲ့သည် ကျေးရွာများအတွင်းသို့ ဝင်လာသည့်အခါ
ပြောက်ကျားယူနီဖောင်းဝတ်ဆင်ကာ ဝင်ရောက်လာကြသည်ဟု သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီသို့ ဆက်သွယ်မေးမြန်းရာ
ယင်းတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီနှင့် မသက်ဆိုင်ဟု ရာဖူးကျေးရွာရှိ
မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“ စာ(ဒေသခံများ ပေးပို့သည့်စာ) တော့ လက်ခံရရှိတယ်၊ ဗဟိုကို လူကြီးတွေ
အစည်းအဝေးသွားနေလို့ လူကြီးတွေပြန်လာရင် ဘယ်လိုလုပ်မယ် မသိ သေးဘူး”ဟု
အထက်ပါ တာဝန်ရှိသူက ပြောသည်။
မော်လမြို့မှ မွန်ပြည်သစ်ပါတီဝင် ကော်မတီဝင်တစ်ဦးကလည်း အထက်ပါဒေသတွင်
ဆက်ကြေးတောင်းနေသည့် အဖွဲ့များ ရှိသည်ကို သိရပြီး
မည်သည့်အဖွဲ့များဖြစ်သည်ကို မသိဟု ပြောသည်။
မွန်ပြည်သစ်ပါတီ မော်လမြိုင်ရုံးတာဝန်ခံမှ ခရီးလွန်နေသဖြင့် ဆက်သွယ်
မမေးမြန်းနိုင်ခဲ့ပေ။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template