Headlines News :
Home » » ကျောင်းသူအားလုံးကို အဖွဲ့ဝင်များနှင့်လက်ထပ် ပေးစားလိုက်ပြီဟု ဘိုကိုဟာရမ် ခေါင်းဆောင်ပြော

ကျောင်းသူအားလုံးကို အဖွဲ့ဝင်များနှင့်လက်ထပ် ပေးစားလိုက်ပြီဟု ဘိုကိုဟာရမ် ခေါင်းဆောင်ပြော

Written By လွင့်မောင်မောင် on Sunday, November 2, 2014 | 4:47 PM


2 November 2014
နိုင်ဂျီးရီးယား ဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင်က အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူထားတယ် ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆန်လိုက်သလို၊ လွန်ခဲ့တဲ့ ၆ လက သူတို့ ဖမ်းသွားတဲ့ ကျောင်းသူ အားလုံးကိုလည်း တိုက်ခိုက်ရေးသမားတွေနဲ့ ပေးစားလိုက်ပြီလို့ ပြောပါတယ်။

ဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင် အဘူဘာကာ ရှိကူးရဲ့ ဒီပြောဆိုချက်ဟာ နိုင်ဂျီးရီးယား အစိုးရရဲ့ ပြောဆိုချက်နဲ့ ကွဲလွဲနေပါတယ်။

အခုလို ပြောဆိုချက်ကြောင့် ကျောင်းသူတွေ လွတ်မြောက်ရေးအတွက် အစိုးရရဲ့ ကြိုးပမ်းချက်အပေါ် သံသယဖြစ်စရာပါ။

ဗွီဒီယိုထဲမှာ ဘိုကိုဟာရမ်အဖွဲ့ခေါင်းဆောင်ဆိုသူက သူတို့ပြန်ပေးဆွဲသွားတဲ့ ကျောင်းသူတွေ အားလုံးကို လက်ထပ်ပေးလိုက်ပြီ၊ သူတို့အားလုံး သူတို့ ယောက်ျားတွေရဲ့ အိမ်တွေမှာ ရှိနေတယ်လို့ ပြောပါတယ်။

ဧပြီလက နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း ချီဘွတ်ရွာ အထက်တန်းကျောင်းကနေ ဘိုကိုဟာရမ်အဖွဲ့က  ပြန်ပေးဆွဲသွားတဲ့ မိန်းကလေး ၂၀၀ ကျော်မှာ အများစုဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ပါတယ်။

ဗွီဒီယိုထဲက ဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင် ဆိုသူက အပစ်ရပ်စဲရေး ကိစ္စလည်း ဘယ်အဖွဲ့နဲ့မှ ဆွေးနွေးနေတာ မရှိဘူးလို့  ပြောထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69574
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template