Headlines News :
Home » » တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘီလာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘီလာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်

Written By လွင့်မောင်မောင် on Monday, November 3, 2014 | 11:56 PM

November 3, 2014


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေကြောင်း နိုဝင်ဘာ ၂ ရက်က နိုင်ငံပိုင်မီဒီယာတွင် သတင်းထုတ်လွှင့်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ဘီလာရုစ်သမ္မတနိုင်ငံသို့ သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိခဲ့ပြီး ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးတို့က နှုတ်ဆက်ကြိုဆိုခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရုရှားမြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲသို့ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ သံအမတ်ကြီး၊ စစ်သံမှူးတို့ တက်ရောက်ခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌပါ တက်ရောက်ခဲ့ကာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် လုပ်ဆောင်နိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်လွှင့်သည်။

အဆိုပါတွေ့ဆုံပွဲအပြီးတွင် ကာချုပ်သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုနှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ် ရဲနိုင်ထွန်းနှင့်ဇနီး၊ စစ်သံရုံးမိသားစုဝင်များအား လက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ည ၁၁ နာရီ မြန်မာစံတော်ချိန် နိုဝင်ဘာ ၂ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဘီလာရုစ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ လေဆိပ်တွင် ဘီလာရုစ်သမ္မတနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အစရှိသူတို့ လာရောက်ကြိုဆိုခဲ့ကြသည်ဟု သတင်းထုတ်လွှင့်ခဲ့သည်။ 
သက်မင်း Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template