Headlines News :
Home » » မြန်မာသံတော်ဆင့်ကို တရားစွဲ ဆိုမယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ကြေညာ

မြန်မာသံတော်ဆင့်ကို တရားစွဲ ဆိုမယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ကြေညာ

Written By လွင့်မောင်မောင် on Tuesday, November 4, 2014 | 11:55 PM

myanmar-herald-cover-305.jpg
မြန်မာသံတော်ဆင့် ဂျာနယ်မျက်နှာဖုံးတစ်ခုကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ဝေခဲ့တဲ့ မြန်မာ သံတော်ဆင့် အပတ်စဉ်ထုတ်ဂျာနယ်မှာ ဖော်ပြခဲ့ တဲ့ နိုင်ငံရေးတွေ့ဆုံမေးမြန်းခြင်းကဏ္ဍပါ စာသားကောက်နှုတ်ဖော်ပြချက်တွေဟာ နိုင်ငံတော် သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တရားစွဲဆိုသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ အစိုးရသတင်းစာထဲမှာ ကြေညာလိုက်ပါတယ်။
အဲဒီ သံတော်ဆင့်ပါ ဖော်ပြချက်ဟာ အတိုက်အခံနိုင် ငံရေးသမားဖြစ်တဲ့ ဦးမျိုးရန်နောင်သိန်းနဲ့ တွေ့ ဆုံမေးမြန်းထားတာဖြစ်ပြီး၊ အဲဒီမေးမြန်းချက်အားလုံး ဟာ ဂျာနယ်နဲ့ ပတ်သက်မှုမရှိဘူးလို့ မြန်မာသံတော်ဆင့် ဂျာနယ်ရဲ့ ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းက ပြော ပါတယ်။
"ဂျာနယ်အာဘော်ဆောင်းပါးမို့လို့ ဒီဂျာနယ်အပေါ်မှာ တရားစွဲမယ်ဆိုရင် ကျနော်တို့ပေါ့နော်၊ အဓိကဝေဖန် သုံးသပ်တဲ့ ကာယကံရှင်ကိုတော့ ဘေးဖယ် ထားပြီးတော့ မြန်မာသံတော်ဆင့် ဆိုပြီးတော့ သီးသန့်တစ်ခုတည်း တရားစွဲတဲ့အခါကျတော့ ဒီတရားစွဲတယ်ဆိုတဲ့ အဆင့်ထက်ပိုတဲ့ တိုက်ခိုက်မှု တစ်ခုခုများ ရှိနိုင်မလားပေါ့နော်၊ ကျနော်တို့က အဲ့လိုမျိုးတွေးမိတယ်"
ဂျာနယ်အနေနဲ့ ပြန်လည်တောင်းပန်စာကို နိုင်ငံပိုင်သတင်းစာတွေမှာ နှစ်ကြိမ်ဖော်ပြဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီယာယီနဲ့ ညှိနှိုင်းခဲ့ပေမယ့် တစ်ကြိမ်သာဖော်ပြခဲ့ပြီး အဲဒီလို ပြန်လည်တောင်းပန်တဲ့ အထဲမှာလည်း တခြားပုဂ္ဂိုလ်တွေကိုပါ ထိခိုက်စေတာကြောင့် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက ဒီနေ့ထုတ်ဝေတဲ့ သတင်းစာတွေမှာ ထည့်သွင်းကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template