Headlines News :
Home » » ဘောလီဘောပွဲကြည့်လို့ အီရန်အမျိုးသမီး ထောင်ကျခံရ

ဘောလီဘောပွဲကြည့်လို့ အီရန်အမျိုးသမီး ထောင်ကျခံရ

Written By လွင့်မောင်မောင် on Monday, November 3, 2014 | 12:10 PM

ဗြိတိန် - အီရန်နိုင်ငံသူ Ghoncheh Ghavami (Credit: Audience submitted) 

3 November 2014 
 အမျိုးသားတွေ ​ယှဉ်ပြိုင်တဲ့ ​ဘောလီဘောပြိုင်ပွဲကို ​ကြည့်ရှုတဲ့ အတွက် ​အီရန်အမျိုးသမီး တစ်ဦး ​ထောင်ဒဏ် ​တစ်နှစ်ချမှတ် ခံလိုက်ရပါတယ်။

အီရန်လူမျိုး ​ဗြိတိန်နိုင်ငံသူ ​Ghoncheh ​Ghavami ​ဟာ ​အီရန် ​အမျိုးသား ​ဘောလီဘော ​အသင်းနဲ့ ​အီတလီနိုင်ငံတို့ ​ယှဉ်ပြိုင်တဲ့ပွဲကို ​ကြည့်တဲ့ အတွက် ​အပြစ်ပေး ခံရတာဖြစ်ပြီး ​ဒါကို ​အာဏာပိုင်တွေက ​အစိုးရကို ​ဆန့်ကျင်တဲ့ ​လုပ်ရပ်တွေ ​လုပ်တယ်ဆိုပြီး ​ပြစ်ဒဏ် ​ချမှတ်လိုက်တာလို့ ​သူမရဲ့ ​ရှေ့နေက ​ပြောပါတယ်။

ပြစ်ဒဏ်ပေးခံရသူရဲ့ ​အစ်ကို ​ဖြစ်သူကတော့ ​အာဏာပိုင်တွေက ​သူ့ညီမရဲ့ ​ပြစ်ဒဏ်ကို ​တရားဝင် ​ပြောဆိုတာမျိုး ​မရှိသေးဘူးလို့ ​ပြောပါတယ်။

ဒါပေမဲ့ ​မိဘတွေကတော့ ​ယူကျုံးမရ ​ဖြစ်နေကြပြီး၊ ​ဒီလို ​စီရင်လိမ့်မယ်လို့ ​ဘယ်သူကမှ ​မမျှော်လင့် ထားဘူးလို့ ​သူက ​ပြောပါတယ်။

သူ့ညီမအနေနဲ့ ​အခက်အခဲ ​ပေါင်းများစွာ ​ကြုံခဲ့ရပြီး ​အခုအခါမှာ ​ထောင်ဒဏ် ​တစ်နှစ်ထပ်ကျ ခံရနိုင်တာကြောင့် ​သူ့မိဘတွေကတော့ ​ဟိုရုံးပြေး၊ ​ဒီရုံးပြေး ​လုပ်ပြီး ​လျှော့ပေါ့ပေးဖို့ ​အသနားခံတာတွေ ​ဒါမှမဟုတ် ​အယူခံဝင်ခွင့်ရဖို့ ​လုပ်ဆောင်နေကြတယ်လို့ ​အစ်ကို ​ဖြစ်သူက ​ပြောပါတယ်။

အသက် ​၂၅ ​နှစ်အရွယ် ​Ghoncheh ​Ghavami ​ဟာ ​လန်ဒန်မြို့မှာ ​ကျောင်းပြီး ခဲ့သူလည်း ​ဖြစ်ပါတယ်။

အီရန်အာဏာပိုင်တွေကတော့ ​သူမကို ​ဘောလုံးပွဲကြည့်လို့ ​ဖမ်းဆီးတာ ​မဟုတ်ပဲ ​လုံခြုံရေးအရ ​ဖမ်းဆီးတာလို့ ​ပြောပါတယ်။

အီရန်နိုင်ငံမှာ ​၂၀၁၂ ​ခုနှစ်ကစပြီး ​အမျိုးသားတွေပြိုင်တဲ့ ​ဘောလီဘောပွဲမှာ ​အမျိုးသမီးတွေ ​မသွားရဘူးဆိုတဲ့ ​ဥပဒေကို ​ထုတ်ပြန်လိုက်ပြီး ​ဒီလိုလုပ်ဆောင်တာဟာ ​တဏှာရာဂ ​ကြီးတဲ့ ​အမျိုးသားတွေရဲ့ ​အပြုအမူ ​မခံရအောင် ​ဖြစ်တယ်လို့ ​အကြောင်းပြထားပါတယ်။

ဒါ့အပြင် ​ဘောလုံးပြိုင်ပွဲတွေကိုလည်း ​အမျိုးသမီးတွေ ​ကြည့်ရှုခွင့်မရှိပါဘူး။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template