Headlines News :
Home » » နိုင်ငံလုံးဆိုင်ရာ ကျောင်းသားအစည်းအဝေး ကျင်းပခွင့် ပိတ်ပင်ခံရ

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားအစည်းအဝေး ကျင်းပခွင့် ပိတ်ပင်ခံရ

Written By လွင့်မောင်မောင် on Wednesday, November 5, 2014 | 12:04 AM

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ


လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာကျင်းပဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုကြောင်း မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေး ကျင်းပမယ့် ခ၀ဲခြံမျက်မမြင်ကျောင်း တာဝန်ရှိသူတွေထံ အကြောင်းကြားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပမှာ ဖြစ်တာကြောင့် ခွင့်မပြုနိုင်ကြောင်း ပြောတာဖြစ်တယ်လို့ အစည်းအဝေးဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူက ပြောပါတယ်။
"ကျနော်တို့ပွဲကျင်းပဖို့ လျာထားတဲ့ ခဝဲခံမျက်မမြင်ကျောင်းမှာ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူး ၂ ယောက်လာတယ်၊ လာပြီးတော့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို ကျင်းပချင်ရင် သူတို့ဆီမှာခွင့်ပြုမိန့်တင် ကျလာပြီးတော့မှပဲ လုပ်ပိုင်ခွင့်ရှိပါတယ်လို့ သူတို့ကလာပြောတယ်၊ နောက်ခွင့်ပြုချက် တင်လို့ ကျလာမယ်ဆိုရင် ကျနော်တို့လျာထားတဲ့ ၁၂၊ ၁၃ မှာ ကျင်းပလို့မရပါဘူးတဲ့၊ နောက်ပိုင်းမှပဲ ကျင်းပ လို့ရမယ်ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ အဲဒီ့ရက်တွေမှာ အာဆီယံထိပ်သီး အစည်းအဝေးရှိတယ်လို့ပြောတယ်'
နှစ်ရက်ကြာကျင်းပမယ့် ကျောင်းသားထု အရေးပေါ် အစည်းအဝေးရဲ့ ပထမရက်မှာ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်သလို ကျောင်းသား ကျောင်းသူတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template