Headlines News :
Home » » မက္ကဆီ ကို ကျောင်းသား ၄၃ ယောက် ကို မီးရှို့  သတ်ခံရ
မက္ကဆီ ကို ကျောင်းသား ၄၃ ယောက် ကို မီးရှို့  သတ်ခံရ
Written By လွင့်မောင်မောင် on Saturday, November 8, 2014 | 2:03 PM
အထက်တန်း ကျောင်းကို ပြည်နယ် အစိုးရ က ထောက်ပံ့ကူညီမှု လျှော့ ချလို့   ဆန္ဒ ပြ ခဲ့ တဲ့
ဝန် ရဲ့ အမိန့်  နဲ့  ရဲ က ဖမ်းဆီး ပြီး ဂေယာရို လူဆိုး ဂိုဏ်း လက်ထဲ ကို လွှဲ ပြောင်း ပေးခဲ့ ရာ
လူဆိုးတွေ က ကျောင်းသား တွေ ကို မီးရှို့ ပြီး သတ်ဖြတ် ပစ်ခဲ့ ပါတယ်။
မက္ကဆီ ကို တောင်ပိုင်း က ဂေယာရို ပြည်နယ် မှာ ကျောင်းသား တွေ ပျောက်ဆုံးမှု ကို ရဲ က
လိုက်လံ စုံစမ်း ပြီး ပျောက်ဆုံးမှုနဲ့  ဆက်စပ် တဲ့ လူ ၇၄ ဦး ကို ဖမ်းထားရာ က နေ အဲဒီက လူဆိုး
ဂိုဏ်း ၀င် တွေ ဖြစ်တဲ့ Patricio Reyes Landa, Jhonatan Osorio Gomez နဲ့ 
Agustin Garcia Reyes တို့  က မီးရှို့ သတ်ခဲ့ ကြောင်း ၀န်ခံ ခဲ့ တာ ဖြစ်ပါတယ်။
ဒီသတင်း ကို ကြားရတော့ ဂေယာရို ပြည်နယ် က ပြည်သူ တွေ သာမက အစိုးရ ၀န်ထမ်း တွေ
က ပါ ဆန္ဒ ပြ ကြ ပြီး အချို့ြ့ပည်နယ် တွေ မှာ တော့ အစိုးရ ရုံး တွေ ရှေ့ ပင်းမော တွေ ကို ပါ
မီးရှို့  တိုက်ခိုက် ကြ ပါတယ်။
နေတာကြောင့် မြို့ ကို ညဘက် အပြန် နောက်ကျ တဲ့ ကျောင်းသား တွေ ရဲ့ ဘတ်(စ) ကား ကို
ရဲ က ညအမှောင် မှာ ပစ်ခတ် ဖမ်းပြီး လူဆိုး တွေ လက်ထဲ ကို လွှဲ ပေး လိုက်တာ ဖြစ်ပါတယ်။
မက္ကဆီ ကို နိုင်ငံ မှာ အာဏာပိုင် တွေ က မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း
တွေ နဲ့  ဆက်စပ် မှု ရှိ ပြီး ရာဇ၀တ် မှု တွေ ပူးပေါင်း ကျုးလွန်ကြပါတယ်။
လူဆိုး တွေ က ကျောင်းသား တွေ ကို ဒီဇယ်လောင်း တာယာ တွေ ပတ် ၊ ပလတ် စတစ်
စ တွေ နဲ့  မီးရှို့  သတ်ခဲ့ တယ် လို့  ပြော ပါတယ်။
FNG
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template