Headlines News :
Home » » တရားရုံးစီရင်ချက်များအား ရုပ်/သံ CCTV မှတ်တမ်းရယူကာ သက်ဆိုင်ရာဌာနများသို့ တင်ပြနိုင်မည့် တရားရုံးများစောင့်ကြည့်ရေး ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်သွင်းထား

တရားရုံးစီရင်ချက်များအား ရုပ်/သံ CCTV မှတ်တမ်းရယူကာ သက်ဆိုင်ရာဌာနများသို့ တင်ပြနိုင်မည့် တရားရုံးများစောင့်ကြည့်ရေး ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်သွင်းထား

Written By လွင့်မောင်မောင် on Sunday, November 2, 2014 | 11:35 AM

 November 1, 2014

တရားရုံးစီရင်ချက်များအား ရုပ်/သံ CCTV မှတ်တမ်းရယူကာ တရားမျှတမှု ရှိ၊ မရှိ သက်ဆိုင်ရာဌာနများသို့ တင်ပြနိုင်မည့် တရားရုံးများစောင့်ကြည့်ရေး ဥပဒေမူကြမ်းအား လွှတ်တော်သို့တင်ပြထားကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌသူရဦးအောင်ကိုက အောက်တိုဘာ ၃ဝ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။

သူရဦးအောင်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီမှ တရားရုံးများ စောင့်ကြည့်ရေးဥပဒေအား (၉) ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဥပဒေမူကြမ်းတင်ခဲ့ကြောင်း၊ သို့သော် ၎င်းဥပဒေမူကြမ်းအား ကော်မရှင်မှ စိစစ်သည့်အခါ တရားရုံးများ စောင့်ကြည့်ရေး အဖွဲ့အဆင့်ဆင့်တွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေသည့်အတွက် ဥပဒေပြုရေးမဏ္ဍိုင်က တရားစီရင်ရေးမဏ္ဍိုင်အား လွှမ်းမိုးရာရောက်သည်ဟု သုံးသပ်တင်ပြလာကြောင်းနှင့် လက်ရှိအောက်ခြေတရားရုံး အခန်းတွေသည် ကျဉ်းမြောင်းနေသောကြောင့်လည်း မသင့်ကြောင်း တင်ပြခဲ့သည်ဟု သူရဦးအောင်ကိုက ပြောကြားသည်။

“ဒါ့ကြောင့် ပြင်ဆင်ချက် ဥပဒေမူကြမ်း ထပ်မံတင်ထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနေရာမှာ အရပ်ဘက်လူမှု အဖွဲ့အစည်းများက ဥပဒေပညာရှင်တွေ အစားထိုး လျာထားလိုက်တယ်။ စောင့်ကြည့်ရေးအဖွဲ့များအနေနဲ့ တရားရုံးတွေထဲ ဝင်ထိုင်မှာ မဟုတ်ပါဘူး။ ရုပ်/သံ CCTV မှတ်တမ်းရယူ ထားရုံလောက်သာ ပြုလုပ်မှာပါ။ စီရင်ချက်တွေက တရားမျှတမှု ရှိ၊ မရှိ ဖြောင့်မတ်မှန်ကန်မှု ရှိ၊ မရှိ လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာဌာနတွေကို တင်ပြမှာဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားသည်။

“တရားစီရင်ရေးမှာ ကွန်မြူနစ်တရုတ် ပြည်သူ့သမ္မတနိုင်ငံကို လေ့လာခဲ့ရတယ်။ တရားသူကြီးသုံးဦးထိုင် Jury စနစ်ကျင့်သုံးတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ အမှုကြီးတွေကလွဲရင် ကျန်တဲ့အမှုတွေကို အများပြည်သူရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ စီရင်တယ်။ မည်သူမဆို ဝင်ရောက်လေ့လာနိုင်တယ်။ CCTV နဲ့လည်း ထုတ်လွှင့်ပေးတယ်။ စီရင်ချက်တွေကို ဒေသပါတီကော်မတီနဲ့ ပြည်သူ့ကွန်ဂရက်အမတ်တွေက စောင့်ကြည့်ထိန်းညှိပေးကြတယ်။ ဒါ့ကြောင့် လူဦးရေသန်း ၁၃ဝဝ ကျော်ရှိတဲ့ နိုင်ငံကြီးကို တရားဥပဒေစိုးမိုးအောင် စီမံအုပ်ချုပ်နိုင်တာပဲ။ လူဦးရေသန်း ၅ဝ ကျော်သာရှိတဲ့ ဒီနေ့မြန်မာနိုင်ငံမှာတော့ တရားဥပဒေစိုးမိုးမှု အခြေအနေက သိတဲ့အတိုင်းပဲလေ” ဟု သူရဦးအောင်ကိုက ပြောကြားသည်။

“တရားရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်ပြီး တရားဥပဒေ စိုးမိုးဖို့ဆိုရာမှာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ကူညီပံ့ပိုးမှု အဓိကလိုအပ်သလို ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုလည်း လိုအပ်ပါတယ်။ သိပ်လိုအပ်လာတဲ့ အချိန်မှာ တရားရုံး၊ တရားလွှတ်တော် အဆင့်ဆင့်အပေါ် ပြည်သူတွေရဲ့ယုံကြည်မှု၊ ဆန္ဒသဘောထား စစ်တမ်းကောက်ယူပြီး တိုင်းပြည်ကို အသိပေးတင်ပြနိုင်ဖို့  အရပ်ဘက်လူမှု အဖွဲ့အစည်းတွေထံ အကူအညီတောင်းသွားမှာ ဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားသည်။      

 ဝေယံဖြိုးဦး၊ မျိုးမင်းထက် Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template