Headlines News :
Home » » မက္ကဆီကို ကျောင်းသား၄၃ ဦးပျောက်ဆုံး၊ မြို့တော်ဝန် ဖမ်းဆီးခံရ

မက္ကဆီကို ကျောင်းသား၄၃ ဦးပျောက်ဆုံး၊ မြို့တော်ဝန် ဖမ်းဆီးခံရ

Written By လွင့်မောင်မောင် on Wednesday, November 5, 2014 | 1:04 PM

Iguala မြို့တော်ဝန်ဟောင်း Jose Luis Abarca နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ Maria de Los Angeles Pineda (Credit: AFP) 

5 November 2014
ဆန္ဒပြမှုမှာ ​ပါဝင်တဲ့ ​ကျောင်းသားတွေ ​ပျောက်ဆုံးသွားတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​Iquala ​မြို့တော်ဝန်နဲ့ ​သူ့ရဲ့ ​ဇနီးသည်ကို ​မက္ကဆီကို ​အာဏာပိုင်တွေက ​ဖမ်းမိသွားပြီ ​ဖြစ်ပါတယ်။

မြို့တော်ဝန်ဟောင်း ​Jose ​Luis ​Abarca ​နဲ့ ​ဇနီးသည် ​Maria ​de ​los ​Angeles ​Pineda ​တို့ကို ​အာဏာပိုင်တွေက ​Mexico ​City ​မှာ ​ဖမ်းမိသွားတာ ​ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ​တစ်လကျော်တုန်းက ​Iguala ​မြို့မှာ ​ဆန္ဒပြမှု ​ဖြစ်ပေါ်ပြီးနောက် ​ဆန္ဒပြ ​ကျောင်းသား ​အယောက် ​၄၀ ​ကျော် ​ပျောက်ဆုံးသွားပါတယ်။

မြို့တော်ဝန် ​ဇနီးသည်ကနေ ​ဦးဆောင် ​ကျင်းပတဲ့ ​အခမ်းအနားတစ်ခုမှာ ​ဆန္ဒပြကြတဲ့အတွက် ​မြို့တော်ဝန်က ​လူအုပ်ခွဲဖို့ ​အမိန့်ပေးခဲ့ပါတယ်။

အဲဒီလို ​လူစုခွဲစဉ်အတွင်း ​ဆန္ဒပြသူ ​တချို့ ​သေဆုံးပြီး ​အယောက် ​၄၀ ​ကျော် ​ပျောက်ဆုံးသွားတာ ​ဖြစ်ပါတယ်။

အခုအခါမှာတော့ ​အသတ်ခံရလောက်ပြီလို့ ​ယူဆကြပါတယ်။

မျက်မြင်သက်သေတွေရဲ့အဆို ​ကျောင်းသားတွေကို ​ရဲတွေက ​အတင်းအဓမ္မ ​ကားပေါ်တင်ပြီး ​ဖမ်းဆီးခဲ့တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ကျောင်းသား ​အယောက် ​၄၀ ​ကျော် ​ပျောက်ဆုံးပြီး ​နောက်တစ်ရက်မှာပဲ ​မြို့တော်ဝန်က ​သူရဲ့ ​ဇနီးသည်အပြင် ​တခြား ​ရဲအရာရှိ ​တစ်ဦးတို့နဲ့  ​ထွက်ပြေးခဲ့ကြပါတယ်။

မြို့တော်ဝန်နဲ့ ​ဇနီသည်တို့ဟာ ​မူးယစ်ဆေးဝါး ​ဂိုဏ်းနဲ့ ​အဆက်အသွယ်ရှိသူတွေ ​ဖြစ်တယ်လို့ ​သိရပြီး ​ဇနီးသည်ရဲ့ ​ညီအစ်ကို ​သုံးယောက်စလုံးက ​ဂိုဏ်းဝင်တွေ ​ဖြစ်ကြတယ်လို့ ​ဆိုပါတယ်။

ကျောင်းသား ​၄၀ ​ကျော် ​ပျောက်ဆုံးမှုနဲ့ ​ပတ်သက်ပြီး ​လူပေါင်း ​၅၆ ​ယောက်ကို ​ရဲတွေက ​ထိန်သိမ်းထားပြီး ​အဲဒီအထဲမှာ ​ရဲ ​၂၂ ​ယောက်အပြင် ​စည်ပင်အဖွဲ့ဝင် ​၁၄ ​ယောက် ​ပါဝင်ပါတယ်။

အခုအချိန်ထိ ​ကျောင်းသားတွေ ​ဘယ်ရောက်နေသလဲဆိုတာ ​မသိကြသေးပါဘူး။ ​အရင်တလောတုန်းကတော့ ​မြို့ပြင် ​တစ်နေရာမှာ ​လူပေါင်း ​၃၀ ​ကျော် ​အစုလိုက် ​အပြုံလိုက် ​သေဆုံးတာကို ​တွေ့ခဲ့ရတဲ့အတွက် ​ကျောင်းသားတွေ ​ဖြစ်မလားဆိုပြီး ​စစ်ဆေးခဲ့ကြပါတယ်။

မက္ကဆီကို ​နိုင်ငံမှာ ​ပျောက်ဆုံးသူဦးရေ ​၂၂၀၀၀ ​လောက်ရှိတယ်လို့ ​သိရပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template