Headlines News :
Home » » တရုတ်သမ္မတရဲ့ တန်ဇီးနီးယားခရီးမှာ ဆင်စွယ်မှောင်ခိုချကြောင်း စွပ်စွဲခံရ

တရုတ်သမ္မတရဲ့ တန်ဇီးနီးယားခရီးမှာ ဆင်စွယ်မှောင်ခိုချကြောင်း စွပ်စွဲခံရ

Written By လွင့်မောင်မောင် on Friday, November 7, 2014 | 3:57 PM


တရုတ်သမ္မတနဲ့အဖွဲ့ မနှစ်တုန်းဆီက တန်ဇီးနီးယားနိုင်ငံရဲ့ဖိတ်ခေါ်ချက်အရ သွားရောက်လည်ပတ်ပြီးအပြန်ခရီးမှာ ဆင်စွယ်တွေ မှောင်ခိုဈေးကနေ အလုံးအရင်းနဲ့ဝယ်ပြီး သယ်ထုတ်သွားကြတယ် လို့ စွပ်စွဲထားတဲ့ အစီရင်ခံစာတစောင် ထွက်နေပါတယ်။

 

  • ၂၀၁၃ မတ်လက တွေ့ရသော တရုတ်သမ္မတ နှင့် တန်ဇီးနီးယန်းသမ္မတ (Photo: Reuters)

 ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်လို့ တန်ဇီးနီးယန်းအစိုးရအရာရှိတဦးက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

တရုတ်အစိုးရကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုက ပြုစုတဲ့ ဒီအစီရင်ခံစာဟာ အခြေအမြစ် မရှိဘူးလို့  ငြင်းလိုက်ကြောင်း ဧရာဝတီ အင်္ဂလိပိုင်းစာမျက်နှာသတင်းတပုဒ် www.irrawaddy.org/asia/tanzania-probes-alleged-ivory-smuggling-chinese-state-visit.html မှာ ရေးထားပါတယ်။

လွန်ခဲ့သောနှစ်များအတွင်း အာဖရိကတိုက် အဲဒီဒေသဘက်မှာ လက်နက်အပြည့်အစုံနဲ့လူဆိုးဂိုဏ်းတွေဟာ ဆင်စွယ်နဲ့ကြံ့ချိုများရဖို့အတွက် ဆင်တွေကြံ့တွေကို သတ်ဖြတ်ခဲ့ကြပါတယ်။
အဲဒါတွေကို အာရှတိုက်ဘက်ကို တင်ပို့ပါတယ်။

ဆင်စွယ်ကို တရုတ်သမ္မတခရီးစဉ်အတွင်း ခိုးထုတ်တယ်ဆိုပြီး အစီရင်ခံစာထုတ်ပြန်တဲ့ Environmental Investigation Agency (EIA) ဆိုတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံ့ဆော်တဲ့အဖွဲ့ကတော့ တန်ဇီးနီးယားမှာ အခြေအနေ သိပ်ဆိုးလာပြီ၊
ပြီးခဲ့တဲ့နှစ် တနှစ်တင်ပဲ  ဆင်ကောင်ရေ တသောင်း အသတ်ခံရတယ်လို့ ဆိုပါတယ်။

 တန်ဇီးနီးယားအစိုးရကတော့ ဒီအစီရင်ခံစာ လေ့လာပြီးရင် သင့်တော်တဲ့အချိန်မှာ ကြေညာချက် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ တန်ဇီးနီးယားအတွက် အထူးရင်းနှီးတာဖြစ်တဲ့အတွက် စွပ်စွဲချက်တွေကို မှန်မမှန် အဖြေမထုတ်နိုင်ခင် အလျင်စလို တုန့်ပြန်ပြောဆိုတာမျိုး မလုပ်ချင်ဘူး လို့ ပြောပါတယ်။

EIA အဖွဲ့ကတော့ ဒီဖြစ်ရပ်ကို လျှို့ဝှက် စုံစမ်း ထောက်လှမ်းနိုင်ခဲ့တာလို့ ဆိုတယ်။

ဆင်စွယ်မှောင်ခိုလောက ကုန်သည် ၂ ယောက်ကို ကိုးကားပြီး ရေးထားတဲ့ ဒီအစီရင်ခံစာမှာတော့ တရုတ်သမ္မတခရီးစဉ် မတိုင်ခင် ဆင်စွယ် ကီလိုချိန် ထောင်နဲ့ချီပြီး ဝယ်ယူမှုတွေ ရှိခဲ့တယ်၊
တရုတ်သမ္မတအပြန်ခရီးမှာ သံတမန်သေတ္တာတွေထဲထည့်ပြီး တရုတ်ပြည် ပို့လိုက်တယ်လို့ ရေးပါတယ်။

ခရီးစဉ်ကာလအတွင်း ဆင်စွယ်တွေ ဈေးတက်သွားတယ်လို့ လူတယောက်ကိုလည်း ကိုးကား ရေးထားပါတယ်။

၁၉၇၉ မှာ အာဖရိကဆင်ကောင်ရေ ၁၃ သိန်း ရှိရာကနေ အခုဆိုရင် ၄ သိန်းကျော်ပဲ ကျန်တော့တယ် ဆိုတဲ့  ခန့်မှန်းချက်ကိုလည်း အစီရင်ခံစာမှာ တွေ့ရပါတယ်။


ဇာနည်ဝင်း-ဧရာဝတီ Blog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template