Headlines News :
Home » , » စစ်ရာဇ၀တ်မူနဲ့ အစ္စလာမ်မစ်ပါတီ ထိပ်တန်းခေါင်းဆောင်များ ဘင်္ဂလာဒေခ်ျ့တွင် တစ်ဦးပြီးတစ်ဦး သေဒဏ်ချမှတ်ခံရ

စစ်ရာဇ၀တ်မူနဲ့ အစ္စလာမ်မစ်ပါတီ ထိပ်တန်းခေါင်းဆောင်များ ဘင်္ဂလာဒေခ်ျ့တွင် တစ်ဦးပြီးတစ်ဦး သေဒဏ်ချမှတ်ခံရ

Written By လွင့်မောင်မောင် on Monday, November 3, 2014 | 10:18 PM


မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ၁၉၇၁ ခုနှစ်က လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပူးပေါင်းပြီး လူသားတွေ အပေါ် စစ်ရာဇ၀တ်မူ ကျူးလွန်မူနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ အစ္စလာမစ်ပါတီ ခေါင်းဆောင်တွေကို တစ်ဦးပြီး တစ်ဦး သေဒဏ်ချမှတ်နေရာမှာ မနေ့ကတော့ အစ္စလာမ်ပါတီက နောက်ထပ် ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မီယာခါဆမ်အလီ (Mir Quasem Ali) ကို ဘင်္ဂလာဒေခ်ျ့နိုင်ငံက ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကနေ သေဒဏ်ချမှတ်လိုက်ပါတယ်။

အခု သေဒဏ်ချမှတ်ခံရတဲ့ မီယာခါဆမ်အလီ (၆၂) နှစ်ဟာ အစ္စလာမစ်ပါတီထဲက ဆဌမမြောက် သေဒဏ်ချမှတ်ခံရသူ ဖြစ်ပြီး အေးဒီ (၆) ဦးထဲက Quader Molla  ဆိုတဲ့ ခေါင်းဆောင် တစ်ဦးကိုတော့ ဒက္ကားထောင်ထဲမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကွပ်မျက်ခဲ့ပြီး နောက်ဘာသာရေး တရားဟောဆရာ တစ်ဦးဖြစ်တဲ့ Delwar Hossain Sayeedi ကိုတော့ သေဒဏ်ကနေ ဆိုင်းငံ့ ထားပါတယ်။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဂျာမတ်ပါတီ လို့ လူသိများတဲ့ (Jamaat-e-Islami’s) အစ္စလာမ်ပါတီ ဥက္ကဌ ယခင်စက်မူဝန်ကြီးဟောင်း  အသက် ၇၁ နှစ်အရွယ် နာဇာမီ Motiur Rahman Nizami ကိုလည်း အဲဒီစစ်ပွဲမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ အတွက် ရာဇ၀တ်ခုံရုံးကနေ သေဒဏ်ပေးခဲ့ပါတယ်။


အခု သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မီယာခါဆမ်အလီ (Mir Quasem Ali) ကတော့ ဂျာမတ်ပါတီကို အဓိက ငွေကြေးထောက်ပံ့နေသူ တစ်ဦးဖြစ်ပြီး ၁၉၇၁ ခုနှစ်က ဘင်္ဂလာဒေခ်ျ့ စစ်ပွဲအတွင်း စစ်တကာင်းမြို့မှာ လူအများအပြားကို သေစေခဲ့တဲ့ အတွက် လူသားမျိုးနွယ် အပေါ် မျိုးတုန်းသတ်ဖြတ်မူ စစ်ရာဇ၀တ်မူ (၁၄) ခုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထဲက အမူ ၁၀ ခုကတော့ ရာဇ၀တ်မူမြောက်ကြောင်း ခိုင်လုံတယ်လို့ တရားရုံးက သက်သေပြခဲ့ပြီး သူ့ကို သေဒဏ်ချမှတ်ခဲ့တဲ့ အမူကတော့ အမူအမှတ် (၁၁) နဲ့ (၁၂)  ဖြစ်ပါတယ်။

အမူအမှတ် (၁၁) ကတော့ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲအတွင်း စစ်တကောင်းမြို့မှာ လွတ်လပ်ရေး တိုက်ပွဲဝင်သူ တစ်ဦး အပါအ၀င် လူ ၆ ဦးကို ပြန်ပေးဆွဲ ညှဉ်းပမ်းနှိပ်စက်မူနဲ့ သတ်ဖြတ်မူတွေနဲ့ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အမူအမှတ် (၁၂) မှာတော့ ၁၉၇၁ ခုနှစ် နိုဝင်ဘာလ အတွင်းက ဂျာဟန်းဂီယာချော်ဒူရီ၊  ပြိုကပ်ခ်ျ လာတူနဲ့ ထွန်းတူစံတို့ကို ပြန်ပေးဆွဲ သတ်ဖြတ်မူနဲ့ စစ်ရာဇ၀တ်မူ မြောက်တယ်ဆိုပြီး သေဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

သူ့ကို ဇွန်လ ၁၇ ရက် ၂၀၁၂ ခုနှစ်က ဖမ်းဆီးခဲ့ပြီး (၂) နှစ်ကျော်ကြာ အမူ စစ်ဆေးပြီးနောက် ခုလို သေဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တမ်းကောက်ယူသူတွေ စုဆောင်းရရှိတဲ့ အချက်အလက်အရ ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး စစ်ပွဲအတွင် သေဆုံးသူ (၃) သိန်းနဲ့ (၄) အကြားသာ ရှိတယ်လို့ ဆိုပေမယ့် အစိုးရကတော့ (၃) သန်းနီးပါး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template