Headlines News :
Home » » ဘင်္ဂလာဒေခ်ျ့တွင် မူဂျာဟစ်ဒင် ၅ ဦးကို ဗုံးပစ္စည်းတွေနဲ့ ဖမ်းမိ

ဘင်္ဂလာဒေခ်ျ့တွင် မူဂျာဟစ်ဒင် ၅ ဦးကို ဗုံးပစ္စည်းတွေနဲ့ ဖမ်းမိ

Written By လွင့်မောင်မောင် on Monday, November 3, 2014 | 12:30 PM

 
3 November 2014
ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ တရားမ၀င် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံထားရတဲ့ Jamaatul Mujahideen Bangladesh လို့ ခေါ်တဲ့ မူဂျာဟစ်ဒင် အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးမှူး တစ်ဦး အပါအ၀င် အဖွဲ့ဝင် ၅ ဦးကို အထူးမူခင်းနှိမ်နှင်းရေးတပ်ဖွဲ့ (Rapid Action Battalion) မှ သောကြာနေ့က ဖမ်းဆီးလိုက်တယ်လို့ The New Age သတင်းစာမှာ ဖေါ်ပြပါတယ်။

သူတို့ဆီက ချိန်ကိုက်ဗုံ (၄) လုံး၊ ရိုးရိုး စနက်တံ ၄၉ ခု၊ လျှပ်စစ်နဲ့ ဆက်စပ်အသုံးပြု စနက်တံ ၂၆ ခု၊  ဗုံးလုပ်ရာတွင် အသုံးပြုသော ကော်ရည် ၁၀ Kg (ကေစီ) ၊ ၅၅ ဂျီဟဒ်ဒိ စာအုပ်တွေ အပါအ၀င် လျှပ်စစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများအပြားနဲ့ အတူ  ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို ခရိုင်မြို့ ဆီရဂင် (Sirajganj)က ချာဟီ မန်ဇာ အာလီ ရထားဘူတာရုံမှာ ဒက္ကားမြို့မှာ မတည်မငြိမ် ဖြစ်အာင် လုပ်ဖို့ အသွားမှာ သောကြာနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်မှာ ဖမ်းဆီးမိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူက တစ်နိုင်ငံလုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ အစီအစဉ်ရှိတယ်။ အထူးသဖြင့် မြို့တော် ဒက္ကားမှာ ဖြစ်တယ်လို့ ဖွင့်ဟ ၀န်ခံတယ်လို့ သက်ဆိုင်ရာက ပြောကြောင်း ဘင်္ဂလာဒေခ်ျ့က BSS သတင်းမှာ ဖေါ်ပြပါတယ်။

သူတို့ကိုတော့ အခုအခါ အဲဒီခရိုင်မြို့က ထောင်ကို လွဲပြောင်းထားလိုက်တယ်လို့ BSS သတင်းဌာက ပြောပါတယ်။

(နိရဉ္စရာ- ၂ နိုဝင်ဘာ ၂၀၁၄)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template