Headlines News :
Home » » စန္ဒယားကိုယ်တိုင် တီးပြတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်၊ ဖယောင်းတိုင်မီး

စန္ဒယားကိုယ်တိုင် တီးပြတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်၊ ဖယောင်းတိုင်မီး

Written By လွင့်မောင်မောင် on Sunday, May 27, 2012 | 11:28 AM

Sunday, May 27, 2012  အိမ့်သံစဉ် 


သတင်း ဓာတ်ပုံ -ရွှေသံစဉ် အဖွဲ့

ယမန်နေ့ မေလ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ တောင်လုံးပြန် ရပ်ကွက် တွင် မြန်မာနိုင်ငံ လူငယ် များ အစည်းအရုံးမှ ရံပုံငွေဈေးရောင်းပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စီစဉ်တင်ဆက်ခဲ့ကြပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊ Generation Waveနှင့် ၈၈မျိုးဆက် ကျောင်းသားများ ပူးပေါင်းပါဝင် တင်ဆက်ကြပြီး ပုဇွန်တောင်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း လည်း တက်ရောက်အားပေး တာတွေ့ရပါတယ်။




ဂီတမှူး ကိုဝင်းမော် ဦးစီးတဲ့ ရွှေသံစဉ် တေးဂီတအဖွဲ့နဲ့အတူ တေးသံရှင် သျှီ၊ အနဂ္ဂ၊ သံသာဝင်း၊ ခိုင်မြဲသာ၊ ကာကာ တို့ ကလည်း တေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။

ပြဇာတ်တိုများ၊ သံချပ်များ၊ ဟာသတေးသရုပ်ဖေါ်များနဲ့လည်း တင်ဆက်ခဲ့ကြပါတယ်။

၈၈ မျိုဆက် ကျောင်းသားတွေ ဖျော်ဖြေမှုအစမှာ ကိုမင်းကိုနိုင်က ဦးဆောင်ပြီး ၈၈တုန်းက ဒီမိုကရေစီရေး အတွက် အသက် စွန့်သွားကြတဲ့ ရဟန်း ရှင်လူကျောင်းသား ပြည်သူတွေအတွက်ရည်စူးတဲ့ ပန်းစည်းနဲ့ လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ သံတိုင်များနောက်က နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရည်စူးတဲ့ ပန်းစည်းတွေကို စင်ပေါ်မှာချပြီးမှ သူတို့ရဲ့ဖျော်ဖြေရေး အစီအစဉ်တွေကိုစတင်ခဲ့ပါတယ်။

လက်ရှိ ပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ မီးပျက်တဲ့ ဒုက္ခကို တင်ပြတဲ့အနေနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင် စန္ဒယားတီးပြီး သီချင်း တစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်များကပါ ဖရောင်းတိုင်များ ထွန်းညှိကိုင်ဆောင် ပြီး ပူးပေါင်းပါဝင်ကြတာ တွေ့ရပါတယ်။




Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template