Headlines News :
Home » , » ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကို အစိုးရနှင့် ကုလအဖွဲ့အစည်းများ သဘောတူရေးထိုးခဲ့သည့် စာချုပ်အသက်ဝင်ချိန်မှစ၍ ၁၈ လအတွင်း အပြီး လုပ်ဆောင်သွားမည်

ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကို အစိုးရနှင့် ကုလအဖွဲ့အစည်းများ သဘောတူရေးထိုးခဲ့သည့် စာချုပ်အသက်ဝင်ချိန်မှစ၍ ၁၈ လအတွင်း အပြီး လုပ်ဆောင်သွားမည်

Written By လွင့်မောင်မောင် on Friday, June 29, 2012 | 8:11 PM


Friday, 29 June 2012 16:59Eleven Media Group
ဇွန်လ ၂၉ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက မီဒီယာများနှင့် တွေ့ဆုံစဉ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတို့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ ကာကွယ်ရန်နှင့် အသက်မပြည့်သေးသော တပ်သားသစ်များ ကို လွတ်မြောက်ခွင့်ပြုရန် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းအစီအစဉ်အား သဘောတူစာချုပ် အသက်ဝင်ချိန်မှ ၁၈ လအတွင်းအပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့(ယူနီဆက်)တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက ပြောကြားခဲ့သည်။

အဆိုပါသဘောတူ စာချုပ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က လတ်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ချိန် ၄၅ ရက် သတ်မှတ်ခဲ့ပြီး ပြင်ဆင်ချိန် ပြီးဆုံးသည့်ရက်မှစ၍ ၁၈ လအတွင်းအပြီး တစ်နိုင်ငံလုံးတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက ပြောကြားခဲ့သည်။
''၁၈ လအတွင်း အပြီးလုပ်ဆောင်သွားမယ်ဆိုတာက တပ်မတော်အတွင်းမှာရှိတဲ့ ကလေးစစ်သားတွေကိုပဲ ရည်ညွှန်းတာပါ။ ၁၈ လကျော်လို့မှ တပ်မတော်က ကလေးစစ်သား ဆက်စုဆောင်းနေမယ်ဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြ သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စီးပွားရေးပိတ်ဆို့မှုတွေလဲ ရှိလာမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောကြားခဲ့သည်။
တပ်မတော်အပါအ၀င် မြန်မာနိုင်ငံ၌ ကလေးစစ်သားများ စုဆောင်း အသုံးပြုသော အဖွဲ့ရှစ်ဖွဲ့ခန့်ရှိပြီး ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ စစ်တပ်၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်-ငြိမ်းချမ်းရေး ကောင်စီ၊ ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ်(SSA )တောင်ပိုင်းနှင့် '၀' အမျိုးသားတပ်မတော်တို့ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့များတွင် ကလေးစစ်သားဦးရေ မည်မျှ ရှိသည်ကိုမူ အတိအကျ မသိရှိသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရေအတွက် မြင့်မားနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်)အနေဖြင့်  ၂၀၀၇ ခုနှစ်မှ ယခုလက်ရှိအချိန်ထိ တပ်မတော်ထဲမှ ပြန်လည်ထုတ်ပေးခဲ့သော ကလေးစစ်သားဦးရေမှာ ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၄င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
စစ်သားစုဆောင်းရာတွင် တပ်မတော် ဥပဒေစည်းမျဉ်းစည်း ကမ်းများနှင့်အညီ စုဆောင်းခြင်းမပြုသည့် အရာရှိနှင့် အခြားအဆင့် ၂၀၁ဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အရွယ်မရောက် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့သည် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်အား ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းက သဘောတူစာချွန်လွှာ လတ်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template