Headlines News :
Home » » မင်္ဂလာဒုံလေဆိပ်မှ အမေစုအိမ်လမ်းတစ်လျှောက် မိမိအဆင်ပြေရာနေရာမှ ပါဝင်နိင်

မင်္ဂလာဒုံလေဆိပ်မှ အမေစုအိမ်လမ်းတစ်လျှောက် မိမိအဆင်ပြေရာနေရာမှ ပါဝင်နိင်

Written By လွင့်မောင်မောင် on Friday, June 29, 2012 | 8:07 AM

ကြိုဆိုရန်နေ့ရက် ။ ။၃၀.၆.၂၀၁၂(စနေနေ့)
ကြိုဆိုနိင်ရန်အချိန်။ ။ မနက် ၇း၃၀နာရီ မှစတင်ကြိုဆိုပါမည်။
နေရာ ။ ။မင်္ဂလာဒုံလေဆိပ်မှ အမေစုအိမ်လမ်းတစ်လျှောက် မိမိအဆင်ပြေရာနေရာမှ ပါဝင်နိင်ပါသည်။


ရန်ကုန်သားတို့ နိုးထလော့ .........ရန်ကုန်သားတို့ ပြင်ဆင်လော့........ ရန်ကုန်သားတို့ ပေါင်းစည်းလော့......

အမေစု ၂၀၁၂ ကြားဖျက်ရွေး ကောက်ပွဲကာလမှာ မန္တလေး၊မော်လမြိုင်၊ပုသိမ်နှင့် စည်းရုံးရေးခရီးစဉ် တစ်လျှောက်မှာ ရောက်လေရာဒေသအသီးသီးကပြည်သူတွေဟ
ာ လူထုရပ်တည်ရမဲ့အခန်းကဏ္ဍတိုင်းမှာ သွေးမနည်းဘူး၊သွေးမကျဲဘူးဆိုတာ...ဒီလိုပုံရိပ်တွေနဲ့ပြခဲ့ကြတယ်။နိင်ငံသားတိုင်း မြင်တွေ့သိရှိသူတိုင်းကလဲ ကြက်သီးတွေထ ရင်ဘက်တွေကြွပြီး လေးစားအသိအမှတ်ပြုလို့ လူထုပူးပေါင်းပါဝင်မှုအခန်းကဏ္ဍကို
ဦးညွှတ်အသိအမှတ်ပြုရသူတွေထဲ ကမ္ဘာကပါ လက်ဖျားခါခဲ့ရတယ်။
ယနေ့ကာလ အမေစု ဥရောပခရီးစဉ် တစ်လျှောက် ရောက်လေရာရာမှာ နိင်ငံတစ်ကာ အသိုင်းအ၀ိုင်းက ငေးမောနှုတ်ဆက် ဂုဏ်ယူလေးစား အသိအမှတ်ပြုနေကြတာ
အမေစု မိန့်ခွန်းကို အရေးတစ်ယူနားထောင်ဖို့ အချိန်လုပြီးလာသူတွေများပြား လွန်းလှတာကို ပြည်တွင်းဂျာနယ်တွေအင်တာနက်အွန်လိုင်းတွေကတစ်ဆင့်မြင်တွေ့ နေရတာမို့နိင်င့သူနိင်ငံသားတိုင်းဂုဏ်ယူဝမ်းမြောက်လို့တည်ရှိရာနိင်ငံတွေကအမေစု ရောက်လေရာနေရာတိုင်း ပြည်လွမ်းသူပြည်ပရောက်မြန်မာများ ကြိုဆိုနေကြတာလဲ အံ့မခန်းလောက်စရာ....
သို့သော်လည်းပဲ ယနေ့ကာလ မြန်မာအစိုးရရဲ့ အစိုးရပိုင် သတင်းစာ အစိုးရပိုင် မီဒီယာတွေမှာတော့ သွေးလှူသတင်း၊ဆေးလှူသတင်းတောင် ထည့်သွင်းဖော်ပြလေ့ ရှိပေမဲ့...အဲဒီ အမျိုးသမီးဟာ ငါတို့ မြန်မာနိင်ငံသား၊အဲဒီအမျိုးသမီးဟာ ငါတို့နိင်ငံသူလို့
နိင်ငံသားကောင်းတစ်ယောက်အဖြစ်ဂုဏ်ယူဝံ့ကြွားလောက်စရာအမေစုရဲ့ ပြည်ပခရီးစဉ်နဲ့ ပါက်သက်မှု သတင်းစဉ်တွေကို မမြင်မတွေ့ရတာက ရင်နင့်စရာ...
“လာမယ့် (၃၀)ရက်နေ့ အမေစု မြန်မာပြည် ပြည်တော်ဝင်တော့မယ်..................”
ရန်ကုန်သူရန်ကုန်သားတွေနိုးထကြရမယ်... တိုင်းနယ်ပြည်နယ်အသီးသီးက ပြသခဲ့တဲ့ လူထုကြိုဆိုပွဲတွေကို ရန်ကုန်သူရန်ကုန်သားတွေ ဘယ်လောက် မှီနိင်မလဲ ပြသရတော့မယ်။
မင်္ဂလာဒုံလေဆိပ်ကနေ အမေစု အပြန်လမ်းတစ်လျှောက်ကို လူထုလက်တွေဆက်ပြီး
လမ်းဘေးဝဲယာတစ်လျှောက်မှာ အစိုးရပိုင်မီဒီယာမှာ မဖော်ပြနိင်သေးတဲ့ နိင်ငံဂုဏ်ဆောင်လူထုခေါင်းဆောင်ကို လူထုစာမျက်နှာမှာ ဖော်ပြထောက်ခံ ကြိုဆိုပြကြမယ်။
ဘယ်သူမှ အသိအမှတ်မပြုချင်ရင်တောင် နိင်ငံသားကောင်းတစ်ယောက်ကို နိင်ငံသားတိုင်းအသိစိတ်နဲ့ကြိုဆိုကြဖို့ရန် ဖိတ်ခေါ် နိုးဆ်ာရေးသားတင်ပြရင်.... အမေစုပြန်လာရာ လေဆိပ်လမ်းတစ်လျောက် ကျွန်တော်တို့ ရန်ကုန်ပြည်သူပြည်သားများ မှ တစ်နိင်ငံလုံးရှိ ပြည်သူများကိုယ်စား ကြိုဆို နှုတ်ဆက်ကြပါစို့လို့ ဖိတ်ခေါ်အပ်ပါသည်။

ကြိုဆိုရန်နေ့ရက် ။ ။၃၀.၆.၂၀၁၂(စနေနေ့)
ကြိုဆိုနိင်ရန်အချိန်။ ။ မနက် ၇း၃၀နာရီ မှစတင်ကြိုဆိုပါမည်။
နေရာ ။ ။မင်္ဂလာဒုံလေဆိပ်မှ အမေစုအိမ်လမ်းတစ်လျှောက် မိမိအဆင်ပြေရာနေရာမှ ပါဝင်နိင်ပါသည်။

ကိုဝေဠု
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယှက်
မြောက်ဥက္ကလာ ကျောင်းသားလူငယ်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template