Headlines News :
Home » » ကြော်ငြာဘုတ် ဖြုတ်သိမ်းမည့်ကိစ္စ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တင်မည်

ကြော်ငြာဘုတ် ဖြုတ်သိမ်းမည့်ကိစ္စ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တင်မည်

Written By လွင့်မောင်မောင် on Tuesday, June 26, 2012 | 4:03 PM


ရန်ကုန်၊ ဇွန် ၁၆
အမျိုးသား ဒီမိုကရေစီပါတီသစ်အနေဖြင့် ဖြုတ်သိမ်းရမည့် ကြော်ငြာဘုတ်ကိစ္စရပ်အား လာမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
”ကြော်ငြာဘုတ်လုပ်ငန်းရှင် တွေက မပြေလည်မှုတွေ ပြောတဲ့အတွက် ဒီကိစ္စကို ကျွန်တော်တို့ ပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်ကို တာဝန်ပေးထားပါတယ်။ လုပ်ငန်း ရှင်တွေရဲ့ တင်ပြချက်တွေကို လေ့ လာပြီး လိုအပ်သလို ဆောင်ရွက် ပေးသွားဖို့ ရှိပါတယ်”ဟု အမျိုး သားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။

ကြော်ငြာဘုတ်လုပ်ငန်းရှင် များကလည်း ကြော်ငြာဘုတ်အ သေးများ ဖြုတ်သိမ်းခိုင်းသည့်ကိစ္စ အပါအဝင် ကြော်ငြာဘုတ်အကြီး များအပေါ် စည်ပင်မှ အခွန်ငွေ တိုး ကောက်သည်ကို လက်ခံနိုင်မှု မရှိ၍ မြို့တော်ဝန်၊ ဝန်ကြီးချုပ်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် သမ္မတထံသို့ အသနားခံစာကို ဇွန် လဆန်းတွင် ပေးပို့ထားပြီး ဇွန်လ ကုန်တွင် နောက်တစ်ကြိမ် ထပ်မံပေး ပို့ရန်လည်း စီစဉ်လျက်ရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။
Myanmar Outdoor Advertisingမှ ဆိုင်းဘုတ်လုပ်ငန်းရှင် ဦးမောင်လေးကမူ ”ကြားညပ်နေမှာ စိုးလို့ နေပြည်တော်သမ္မတရုံးကို နောက်ထပ်တစ်ကြိမ် စာပြန်တင်မှာ ပါ။ ဒီလကုန် လွှတ်တော်အစည်း အဝေးအမီ ပါသွားချင်ပါတယ်။ ဒါ ကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဆီကိုလည်း တင်ပြထား ပါတယ်”ဟု ပြောသည်။
သမ္မတထံ အသနားခံစာ တင်ပြထားသည့်အထဲတွင် ကြော်ငြာ ဘုတ်အသေးများ ဖြုတ်သိမ်းမည် ဆိုပါက ကြော်ငြာဘုတ်လုပ်ငန်းရှင် များနှင့် ဝန်ထမ်းများ၏ စားဝတ်နေ ရေးအခက်အခဲဖြစ်နိုင်မည့် အခြေ အနေနှင့် ဆက်လက်ကြော်ငြာခွင့် ပေးမည့် ဘုတ်အကြီးများအား လည်း စည်ပင်မှ အခွန်ငွေတိုး ကောက်၍ ဘုတ်တန်ဖိုးအား လုပ် ငန်းရှင်များသို့ ပေးချေကာ ဌာနပိုင် သိမ်းယူမည်ဆိုသည်မှာ မဖြစ်သင့် ကြောင်း ထည့်သွင်းဖော်ပြထား သည်ဟု ကြော်ငြာဘုတ်လုပ်ငန်းရှင် များက ဆိုသည်။
ယခင်နှစ်များတွင် ကြော်ငြာ ဘုတ်များအား တစ်စတုရန်းပေ ပတ် လည်အတွက် အခွန်ငွေ ကျပ် ၃၅ဝဝနှင့် ၅၂၅ဝ ကျပ် နှစ်မျိုးသာ ကောက်ခံပြီး ယခုနှစ်တွင် ဆက် လက်ခွင့်ပြုသည့် ကြော်ငြာဘုတ် အကြီးများအား တစ်စတုရန်းပေပတ် လည်လျှင် ကျပ်နှစ်သောင်းနှုန်း သတ်မှတ်ကာ ဘုတ်တန်ဖိုးပေးချေ သည့်အနေဖြင့် စည်ပင်သာယာမှ ကျပ်တစ်သောင်းသာ ကောက်ခံ သွားမည်ဆိုသော်လည်း ယခင်နှစ် များထက် ငွေကြေးအပိုထပ်ဆောင်း ပေးရပြီး ဘုတ်ကိုလည်း ဌာနပိုင် ပြုလုပ်ခြင်းဖြစ်ရာ လုပ်ငန်းရှင်များ အတွက် အခက်အခဲများစွာရှိသည် ဟု ဆိုသည်။
ရန်ကုန်မြို့၌ ကြော်ငြာဘုတ် ၃ဝ ရှိသည့် ကြော်ငြာဘုတ်လုပ် ငန်းရှင် ဦးအောင်မိုးထွေးက ”စီးပွားရေးလုပ်တယ်ဆိုတာ အကျိုးအ မြတ်ရှိမှ လုပ်ချင်တာ။ မရှိရင် ဘာ လုပ်မှာလဲ။ တစ်ဆယ်ရင်းလို့ ဘာမှ မမြတ်ရင် ကျွန်တော်တို့ မလုပ်နိုင် ဘူး။ အခုဖြစ်နေတာက အကျိုး အမြတ်လည်း မရှိဘူး။ ဒီတစ်နှစ် အတွက် အကျိုးအမြတ်မရှိလို့ နောက်နှစ်ကျတော့လည်း ဌာနပိုင် လုပ်မယ်ဆိုတော့ အကျိုးအမြတ် မရှိ၊ အလားအလာမရှိတာမျိုးပါ” ဟု ပြောသည်။
ကြော်ငြာဘုတ်လုပ်ငန်းရှင် ဦးမျိုးသော်ကလည်း ကြော်ငြာဘုတ် အသေးများ ဖြုတ်သိမ်းမည်ဆိုပါက အနည်းဆုံးတစ်နှစ်ခန့် ကြိုတင် အကြောင်းကြားသင့်ပြီး ယခုအခါ တွင် ကြော်ငြာဘုတ်အသေးများ ဖြုတ်သိမ်းရန် ဧပြီလတွင် စည်ပင် သာယာမှ လုပ်ငန်းရှင်များကို တွေ့ ဆုံခဲ့ပြီး ယင်းကဲ့သို့ မတွေ့ဆုံမီ ဇန်နဝါရီမှ မတ်လအတွင်း ¤င်း လျှောက်ထားခဲ့သည့် ကြော်ငြာ ဘုတ်များကိုလည်း ချထားပေးခဲ့ သည်ဟု ဆိုသည်။
”မထင်မှတ်ထားတာတွေ လုပ်တာပါ။ ကျွန်တော်တို့ ပြောနေ ကျအတိုင်းပေါ့။ ကြိုတော့ အသိပေးသင့်တာပဲ။ အခုဆို ဘုတ်ဖိုး တောင် မကျေသေးဘူး”ဟု ¤င်းက ဆက်လက်ပြောသည်။
ရန်ကုန်စည်ပင်မှ ထိပ်တန်း အရာရှိတစ်ဦးကမူ ကြော်ငြာဘုတ် အသေးများ ဖြုတ်သိမ်းရခြင်းမှာ ရန်ကုန်တစ်မြို့လုံး၌ ကြော်ငြာဘုတ် အရေအတွက် တစ်နှစ်ထက်တစ်နှစ် များပြားလာခြင်းကြောင့်ဖြစ်ပြီး ဘုတ် အကြီးများ ဈေးနှုန်းမြင့်တက်သည် ဆိုသည်မှာလည်း ယခင်ဌာနဈေး ဖြင့် ရထားသူများအား ¤င်းတို့အနီး ရှိ လေလံကြော်ငြာဘုတ်ဈေးအ တိုင်း ဈေးတစ်မျိုးတည်းဖြစ်၍ ညှိ ယူခြင်းဖြစ်သည်ဟု မေလ ၈ ရက် နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် က ပြောကြားခဲ့သည်။
ရန်ကုန်စည်ပင် လမ်းတံတားဌာနမှ အကြီးတန်းအရာရှိတစ်ဦးကမူ လက်ရှိ၌ နိုင်ငံရေးအခြေအနေ ကြောင့် ကြော်ငြာဆိုင်းဘုတ်အ သေးများဖြုတ်သိမ်းရန် စတစ်ကာ ကပ်ခြင်းကို ဆောင်ရွက်နိုင်မှုမရှိ သေးဟု ပြောသည်။
ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းတွင် တရားဝင်လိုင်စင်ရှိ ကြော်ငြာဘုတ်အကြီးမှာ အရေအတွက် ၈ဝဝ ခန့်ရှိပြီး ၉ ပေ x ပေ ၂ဝ အောက် ကြော်ငြာဘုတ်အသေး များမှာ အရေအတွက် ၂ဝဝဝ ဝန်း ကျင်ရှိသည်။
ဝေမာထွန်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template