Headlines News :
Home » » ကမ္ဘောဇ၊ ထူး၊ မက်စ်မြန်မာနှင့် ရွှေတောင်ကုမ္ပဏီ အပါအ၀င် မြန်မာ ထိပ်တန်းလုပ်ငန်းကြီး အချို့  အာမခံလုပ်ငန်း လုပ်ကိုင်မည်

ကမ္ဘောဇ၊ ထူး၊ မက်စ်မြန်မာနှင့် ရွှေတောင်ကုမ္ပဏီ အပါအ၀င် မြန်မာ ထိပ်တန်းလုပ်ငန်းကြီး အချို့  အာမခံလုပ်ငန်း လုပ်ကိုင်မည်

Written By လွင့်မောင်မောင် on Tuesday, June 26, 2012 | 4:00 PM

Tuesday, 26 June 2012 12:41
ကမ္ဘောဇ၊ ထူးနှင့် မက်စ်မြန်မာမှ ပိုင်ဆိုင်သော ကမ္ဘောဇဘဏ်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် ဧရာဝတီဘဏ်တို့ အပါအ၀င် ပုဂ္ဂလိကဘဏ်များနှင့် မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးအချို့သည် ပုဂ္ဂလိက အာမခံလုပ်ငန်းကို ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

"ဇွန်လ ၂၉ရက်နေ့ ဖောင်ပိတ်မယ်။ ဇူလိုင် ၃ရက်နေ့ ၀န်းကျင်မှာ မြန်မာ့ အာမခံလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကို တင်ပြမယ်။ စိစစ်မှုကာလက တစ်လ ၀န်းကျင်ကြာနိုင်ပါတယ်။ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှာ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေ ပေါ်ပေါက်လာတော့မှာပါ"ဟု မြန်မာ့ အာမခံလုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိန်မင်းက ပြောကြားသည်။


ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ၉ချက်ရှိပြီး ယင်းအချက်များနှင့် ကိုက်ညီသည့် မည်သည့်လုပ်ငန်းကိုမဆို လုပ်ကိုင်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စီးပွားရေးနှင့် အညီ တိုင်းရင်းသား လုပ်ငန်းများ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသို့ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများ အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးပြီး နိုင်ငံတကာအဆင့်မီမှသာ နိုင်ငံခြားအာမခံလုပ်ငန်းများနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားပါသည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် အာမခံ အမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေ အာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံနှင့် သမာဓိ အာမခံ တို့ဖြစ်သည်။ ထိုသို့ အာမခံလုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်ငန်း၏ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် အသက်အာမခံလုပ်ငန်း လုပ်ကိုင်လိုသူများသည် မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင်၊ အထွေထွေ အာမခံ လုပ်ကိုင်လိုသူများသည် မတည်ရင်းနှီးငွေကျပ် သန်းလေးသောင်းနှင့် လုပ်ငန်းနှစ်ခုပေါင်း လုပ်ကိုင်လိုသူများသည် မတည်ရင်းနှီး ငွေကျပ် ပမာဏ သန်းလေးသောင်း ခြောက်ထောင် ရှိရမည့်အပြင် ဖွင့်လှစ်မည့် ရုံးအဆောက်အအုံ အကျယ်အ၀န်း၊ မြေနေရာတို့ကိုလည်း တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် လုပ်ငန်းပေါင်း ၁၈၀ကျော်က လျှောက်လွှာဝယ်ယူထားပြီး ဇွန်လ ၂၅ ရက်နေ့ထိ လုပ်ငန်းတစ်ခုသာ လာရောက် လျှောက်ထားသေးကြောင်းနှင့် ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်း အမီ လုပ်ငန်း အချို့ လာရောက် လျှောက်ထားမည်ဟု ကြားသိရကြောင်း မြန်မာ့အာမခံလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

မြန်မာ့အာမခံလုပ်ငန်းကို ၁၉၆၃ခုနှစ်ကတည်းက အစိုးရကသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရလက်ထက် ၂၀၁၂ခုနှစ် မေလတွင် ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းများကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

၁၉၆၃ ခုနှစ် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ပြည်သူ ပိုင်သိမ်းစဉ်က ပုဂ္ဂလိက နိုင်ငံခြားအာမခံကုမ္ပဏီပေါင်း ၇၀ကျော် ရှိခဲ့ဖူးကြောင်း သိရပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template