Headlines News :
Home » » နယ်စပ် ဖြတ်ကျော် ကျူးလွန်နေသော ရာဇ၀တ်မူများကို အရေးယူရန် မြန်မာနှင့် ဘင်္ဂလာတို့ လက်မှတ်ရေးထိုးကြမည်

နယ်စပ် ဖြတ်ကျော် ကျူးလွန်နေသော ရာဇ၀တ်မူများကို အရေးယူရန် မြန်မာနှင့် ဘင်္ဂလာတို့ လက်မှတ်ရေးထိုးကြမည်

Written By လွင့်မောင်မောင် on Saturday, June 30, 2012 | 12:04 PM

June 30, 2012 at 8:59 am နိရဉ္စရာ
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် အတွင်း နယ်စပ်ဖြတ်ကျော် ကျူးလွန်နေသော ရာဇ၀တ်မူများကို ပူးပေါင်းနှိမ်နှင်းနိုင်ရေး အတွက် စာချုပ် တစ်ခုကို လက်မှတ်ရေးထိုးကြမည်ဟု ဘင်္ဂလာဒေခ်ျ့  အာာဏာပိုင်များက  ပြောသည်။

Coordinated border management plan  အမည်ရှိ သဘောတူညီမူ စာချွန်လွှာကို သမ္မတ ဦးသိန်းစိန်၏ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သော ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် အတွင်း လက်မှတ်ရေထိုးမည်ဟု ဆိုသည်။
အဆိုပါ စာချွန်လွှာ မူကြမ်းအား ရေးဆွဲထားပြီး နောက်ဆုံး အပြီးသတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ယခု သဘောတူညီမူကြောင့် နယ်စပ်တွင် မကြာခဏ ဖြစ်ပေါ်နေသော တင်းမာမူများကို လျော့ချနိုင်မည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဆိုသည်။

အဆိုပါ သဘောတူညီမူကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်ပါက နယ်စပ် ဖြတ်ကျော် ပေါ်ပေါက်နေသော ရာဇ၀တ်မူများ အပြင် အကြမ်းဖက် အုပ်စုများအား နှိမ်နှင်းရေး၊ မူးယစ်ဆေးဝါးနှင့်  မှောင်ခို လုပ်ငန်းများကို နှစ်ဘက်နိုင်ငံ အနေနဖြင့်  သတင်းအချက်အလက်များ ဖလှယ်သည့် အပြင် ပူးပေါင်းနှိမ်နှင်းရေး လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အရာရှိများက ပြောသည်။
ယခုလက်ရှိ အခြေအနေတွင် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အကြား နယ်စပ် လုံခြုံရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သဘောတူညီမူ မရှိသေးသဖြင့် နယ်စပ်ဖြတ်ကျော်ပြီး ပေါ်ပေါက်နေသော ရာဇ၀တ်မူများ အပါအ၀င် လူကုန်ကူးမူ၊ မူးယစ် ဆေးဝါးနှင့် အကြမ်းဖက်မူ လုပ်ရပ်များကို မနှိမ်နှင်းနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
အထူးသဖြင့် မြန်မာ နယ်စပ် တလျှောက်တွင် ပေါ်ပေါက်နေသော ရာဇ၀တ်မူ  အများအပြားမှာ နယ်စပ်ဖြတ်ကျော်ပြီး ကျူးလွန်နေသာ ရာဇ၀တ်မူများ ဖြစ်ကြောင်း သိရသည်။
ယခု စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် အနာဂတ်တွင် နှစ်ဘက်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ  အနေဖြင့် စစ်ရေး လေ့ကျင့်မူများ ပြုလုပ်လာနိုင်မည် ဖြစ်သလို နယ်ခြားမှတ်တိုင်များကိုလည်း ပူးပေါင်း စစ်ဆေးရန် အခွင့်အလမ်းများ ဖြစ်ပေါ်လာမည် ဖြစ်သည်။
ယခု စာချုပ်သည် အရေးကြီးကြောင်း အိမ်နီးကောင်း  မိတ်ဆွေများ ဖြစ်ကြသော မြန်မာ- ဘင်္ဂလာ နှစ်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်နေချိန်တွင် ပြဿနာ မကြာခဏ ပေါ်ပေါက်လေ့ရှိသော နယ်စပ် လုံခြုံရေးကို တောင့်တင်း ခိုင်မာအောင် ပြုလုပ်ရန် လိုကြောင်း ဓနသဟာနိုင်ငံ သတင်းထောက်များ အသင်း ဥက္ကဌ မစ္စတာ ဟာတန် ချာဟာရီယာက ပြောသည်။
မြန်မာ သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်အတွင်း ဒါဇင်နှင့် ချီပြီ ရှိနေသော နှစ်နိုင်ငံ အကြား  ပြဿနာများကို တွေ့ဆုံ ဆွေးနွေး  အဖြေရှာကြမည် ဟု ဆိုသည်။ မြန်မာ သမ္မတ ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှ ရောက်ရှိနေသော ဒုက္ခသည်များ ကိစ္စ၊ မြန်မာမှ ရေအားလျှပ်စစ်နှင့် စွမ်းအင် ၀ယ်ယူရေး ကိစ္စ၊ ချစ်ကြည်လမ်း ဖေါက်လုပ်ရေး ကိစ္စ၊ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမူ ပူပေါင်း ဆောင်ရွက်ရေး ကိစ္စ၊ ခရီးသွားလုပ်ငန်း  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ ရေကြောင်းနှင့် လေကြောင်းလိုင်းများ ဖွင့်လှစ်ရေး ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။ နှစ်နိုင်ငံအကြား နားလည်မူ စာချွန်လွှာ တချို့ကိုလည်း လက်မှတ်ရေးထိုးကြမည်ဟု ဆိုသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template