ပစိဖိတ်အနောက်မြောက်ဘက် ဖိလစ်ပိုင်ပင်လယ် အစပ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် 95W သည် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာပြီး အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျား၍ ထိုင်ဝမ်ကျွန်းအား ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိကြောင်း JTWC မှ ထုတ်ပြန်သည့် Tropical Storm Formation Alert တွင် ဖေါ်ပြထားပါသည်။
လတ်တလောအချိန်တွင် လေဖိအားနည်းဆဲလ် 95W သည် ဖိအား 1007 hPa အထိ ကျဆင်းနေပြီး၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်အနောက်ဘက် မိုင် ၆၇၀ ခန့်တွင် တည်ရှိနေပါသည်။ မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ထိုင်ဝမ်ကျွန်းသို့ ဦးတည်တိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။(သရုပ်ပြပုံကိုအောက်ဘက်တွင်ရှု)
95W
26 Jun 2012 0600Z
Location: 14.4 131.3
Winds: 20 knots
Central Pressure: 1007 hPa