by 7Day News Journal
ဧရာဝ တီမြစ်ဘေးရှိ မြစ်ကြီးနား မြို့တွင် ဇွန်လ ၂၄ ရက်ည မှစတင်ကာ ဧရာဝ
တီမြစ်ရေ တိုးလာပြီး ထိုမြို့၏ စိုးရိမ်ရေမှတ် အထက်ရောက် ရှိလျက်ရှိသည်။
မနေ့ည (ဇွန်လ ၂၅ ရက်) က မြစ်ရေပိုကြီး လာခဲ့ကြောင်း ဒေသခံများကပြောသည်။
မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက်ရောက်ရှိပြီး မြစ်ရေကြီးခြင်းမှာ
၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပြီး ရှစ်နှစ်ကြာမှ
မြစ်ရေကြီးခဲ့ခြင်းဖြစ်သည်။မြို့၏ ဧရာဝတီမြစ်ဘေးတစ်လျောက် ရပ်ကွက်အချို့တွင် မြစ်ရေ၀င်လျက်ရှိပြီး ဒေသခံများအနေဖြင့် ရေပိုမိုကြီးလာမည်ကို ပူပန်စွာစောင့်ကြည့်နေကြသည်။ မြစ်ရေ၀င်သောနေအိမ်အချို့မှ မြို့ခံများမှာ အထက (၅)ကျောင်းသို့ ယာယီသွား ရောက်ခိုလှုံလျက်ရှိကြောင်းလည်းဒေသခံအချို့ကပြောကြားသည်။
by 7Day News Journal
သီတာရပ်ကွက် ရေမြုပ် နေတဲ့အိမ် Photo- Seng Mai |
မြစ်ကြီးနားမြို့ စည်ပင်ဆိပ်တွင် ဒေသခံများ မြစ်ရေစောင့်ကြည့်နေစဉ်။ Photo- Seng Mai |
ရမ်ပူရပ်ကွက် လယ်ကွင်းရေမြုပ်နေစဉ် Photo- Seng Mai |