Headlines News :
Home » » ဖိလစ်ပိုင်ပင်လယ်ပြင်မှ မုန်တိုင်း DOKSURI update

ဖိလစ်ပိုင်ပင်လယ်ပြင်မှ မုန်တိုင်း DOKSURI update

Written By လွင့်မောင်မောင် on Thursday, June 28, 2012 | 3:08 PM

ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း DOKSURI (ဖိလစ်ပိုင်အမည် DINDO) သည် ဇွန်လ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၀၆း၀၀ နာရီတွင် ရရှိသည့် NRL data များအရ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ အားလျော့လျှက်ရှိပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ကမ်းခြေမှ မိုင် ၅၀ ခန့် အကွာသို့ ရောက်ရှိနေပြီဖြစ်ပါသည်။
ယခု သတင်းရေးသားချိန်တွင် တွေ့မြင်ရသည့် မုန်တိုင်း တိမ်တိုက် ပုံအရ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း အဖျားစွန်းကို ဖြတ်ကျော်လျှက်ရှိပြီး တောင်တရုတ်ပင်လယ်သို့ ဆက်လက်ဝင်ရောက်နေပြီ ဖြစ်ပါသည်။ မုန်တိုင်း ရွေ့လျားမှု လမ်းကြောင်းမှာလည်း တောင်ဘက်သို့ အနည်းငယ် ရောက်ရှိပြီး ဟိုင်နန်ကျွန်းနှင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရပါသည်။(သရုပ်ပြပုံများအောက်ဘက်တွင်ရှု)

07W DOKSURI
28 Jun 2012 0000Z
Location: 18.2 123.2
Winds: 35 knots
Central Pressure: 996 hPa
   ဇူလိုင်-၁ ရက်နေ့ နံနက် ၀၆၃၀ နာရီခန့်မှန်းချက်တွင် မုန်တိုင်းလမ်းကြောင်း တောင်ဘက်သို့ အနည်းငယ်ဆင်းပြီး ဟိုနန်ကျွန်းနှင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းတို့သို့ ဦးတည်ဝင်ရောက်နီုင်ဘွယ် ရှိပါသည်။


 



Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template